Wednesday, September 8, 2021

ထိုင်းနိုင်ငံမှ မြန်မာနိုင်ငံသားများ မြဝတီအမှတ်(၂)ချစ်ကြည်ရေးတံတားမှတစ်ဆင့် ၂၀၂ ဦး ဆက်လက်ဝင်ရောက်

 


မြဝတီ စက်တင်ဘာ ၈

ထိုင်းနိုင်ငံတွင် ရောက်ရှိနေပြီး နေရပ်ပြန်လိုသည့် မြန်မာ နိုင်ငံသားများအား မြဝတီမြို့၊ မြန်မာ-ထိုင်းအမှတ်(၂) ချစ်ကြည်ရေးတံတားမှတစ်ဆင့်  ပြန်လည်ကြိုဆို လက်ခံခြင်းကို ၂၀၂၁ ခုနှစ်၊ သြဂုတ်လ ၁ ရက်နေ့မှစတင် ဆောင်ရွက် ပေးလျက်ရှိရာ  ယနေ့တွင် ၂၀၂ ဦးဆက်လက်ဝင်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ထိုင်းနိုင်ငံမှ ပြန်လည်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသားများအား မြဝတီခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်ချမ်းငြိမ်းနှင့် တာဝန်ရှိသူများက ကြိုဆိုအားပေးကြပြီး သက်ဆိုင်ရာ ဌာနဆိုင်ရာဝန်ထမ်းများနှင့်  တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါဆိုင်ရာများအား အသိပညာပေးခြင်း၊  ပြန်လည်ဝင်ရောက်လာသူများ၏ အချက်အလက်များ ကောက် ယူခြင်း၊ ကျန်းမာရေးဌာနမှ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေး ဆောင်ရွက်ပေးခြင်း နှင့် သက်ဆိုင်ရာတိုင်းဒေသကြီး၊ ပြည် နယ်များ သို့ ပြန်လည်ပို့ဆောင် ပေးခြင်းများကို ဆောင်ရွက် ပေးသည်။

ထိုသို့ ထိုင်းနိုင်ငံမှ ပြန်လာသူများအား ယခင်က မြဝတီခရိုင်နှင့်ကော့ကရိတ်ခရိုင်မှ နေရပ်ပြန်များကိုသာ ကိုဗစ်-၁၉ ရောဂါပိုးရှိမရှိ စစ်ဆေးပေးရာမှ ယခုအခါ ပြန်လာသူအားလုံးအားစစ်ဆေးပေးကာ ရောဂါပိုးရှိသူများအား မြဝတီမြို့ မဲကနယ် ကိုဗစ်စင်တာ နှင့် ရွှေမြဝတီကိုဗစ်စင်တာတို့တွင် ကုသမှု ခံယူစေမည်ဖြစ်ဖြစ်ကြောင်း သိရသည်။

အခြားသက်ဆိုင်ရာ တိုင်းဒေသကြီးပြည်နယ်များမှ နေရပ်ပြန်များအား သီးသန့် မော်တော်ယာဉ်များဖြင့် သက်ဆိုင်ရာ နေရပ် များသို့ ပို့ဆောင်ပေးမည်ဖြစ်ပြီး ယနေ့ ပြန်လည်ဝင်ရောက်လာသူများအနေဖြင့် တိုင်းဒေသကြီး၊ပြည်နယ် အသီး သီး မှ အမျိုးသား ၉၆ ဦး၊ အမျိုးသမီး ၁၀၆ ဦး စုစုပေါင်း ၂၀၂ ဦးရှိကြောင်း သိရသည်။

ထိန်လင်းအောင်

No comments:

Post a Comment