မုံရွာ စက်တင်ဘာ ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦးလယ်တီဝိပဿနာ ဓမ္မရိပ်သာကျောင်းတို့အား သီတင်းသုံးတော် မူကြသော ဆရာတော်၊ သံဃာတော် အရှင်သူမြတ်တို့အား စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝါဆိုသင်္ကန်းနှင့် ဆွမ်းဆန်စိမ်းများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို စက်တင်ဘာလ (၇)ရက်၊ နံနက်ပိုင်းတွင် ရွှေတောင်ဦးတိပိဋက ဓမ္မပါရမဟာဝိဟာရကျောင်းတိုက်ရှိ ဝိနယဓမ္မာရုံတော်တွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
ရှေးဦးစွာ မုံရွာမြို့၊ ရန်ကင်းကျောင်းတိုက်
ပဓာနနာယက ဒွိပိဋကဓရ၊ ဒွိပိဋကကောဝိဒ၊ အဂ္ဂ မဟာပဏ္ဍိတ ဘဒ္ဒန္တပညာဝံသ ဆရာတော်ကြီးထံ တိုင်းဒေသကြီး
ဝန်ကြီးချုပ် ဦးမြတ်ကျော် က ဝါဆို သင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများအား
ဆက်ကပ်လှူဒါန်းပြီး ရွှေတောင်ဦး တိပိဋက ဓမ္မပါရမဟာဝိဟာရကျောင်းနှင့် ရွှေတောင်ဦး လယ်တီဝိပဿနာ
ဓမ္မရိပ်သာကျောင်းတိုက်တို့မှ ဆရာ တော်ကြီးများထံ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် ဝန်ကြီးများနှင့်
တာဝန်ရှိသူများက ဝါဆိုသင်္ကန်း၊ လှူဘွယ်ပစ္စည်းများနှင့် ဆွမ်းဆန်စိမ်းများအား အသီးသီးဆက်ကပ်လှူဒါန်းခဲ့ကြသည်။
အဆိုပါ ရွှေတောင်ဦး တိပိဋကဓမ္မပါရ မဟာဝိဟာရကျောင်းနှင့်
ရွှေတောင်ဦးလယ်တီ ဝိပဿနာ ဓမ္မရိပ်သာကျောင်းတို့တွင် သီတင်းသုံးတော်မူကြသော ဆရာတော်၊
သံဃာတော်အရှင် သူမြတ်တို့အား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ ဆန် -၂၀ အိတ်၊ ဆီ - ၁၀ ပုံး၊
ဆား - ၂၄ ထုပ်၊ ပဲ - ၅၀ ပိသာ၊ ကြက်သွန်နီ - ၁၀၀ ပိသာ၊ ကြာဇံ - ၂၅ ထုပ်အား ဆက်ကပ်လှူဒါန်းပြီး
ကာလတန်ဘိုးငွေကျပ် - ၂၀,၉၇၃၀၀ ၊(သိန်း နှစ်ဆယ်ကိုးသောင်းခုနှစ်ထောင့်သုံးရာ တိတိ)အား
ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြတ်ကျော်နှင့် တာဝန်ရှိသူများသည် တိုင်းဒေသ ကြီးအစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမတွင်
ကျင်းပသော စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့ Oxygen Plant ၊ Oxygen Concentrator ၊ ဆန် ၊ ဆီနှင့် အလှူငွေပေးအပ်ပွဲ
အခမ်းအနားသို့ တက်ရာက်ရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြတ်ကျော်က အမှာစကားပြောကြားပြီး အလှူရှင်များကိုယ်စား Tzu Chi Buddhist
Foundation မှ အမှုဆောင်ဒါရိုက်တာ ဒေါ်သီတာခင်က လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်
ဦးမြတ်ကျော် ထံ Tzu Chi Buddhist Foundation မှ အလှူရှင် ဦးကျော်ခင် မှ - ၁၆၆,၃၆၀၀,၀၀
ကျပ် (တစ်ထောင်ခြောက်ရာခြောက်ဆယ့် သုံးသိန်း ခြောက်သောင်း) တန်ဘိုးရှိ ဆန်အိတ်- ၁၀၀၀ အိတ်၊ ဆီ - ၁၀၀၀ ဗူး၊ Oxygen
Concentrator ၁၀၀ လုံးတို့အား လည်းကောင်း၊ အလှူရှင် ဒေါ်ထွေးထွေး ၊ မြေး မောင်မင်းသန့်ဖြိုးနှင့်
ဓမ္မမိတ်ဆွေများ ရန်ကုန်မြို့၊ ကိုယ်စား ဦးကျော်လွင် မှ အမေရိကန်ဒေါ်လာ - ၄၇၀၀၀ (လေးသောင်းခုနှစ်ထောင်)
တန်ဘိုးရှိ နာဂဒေသနန်းယွန်းမြို့တွင်အသုံးပြုမည့် Oxygen Plant စက်- ၁ လုံး အားပေးအပ်
လှူဒါန်းကြရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က ဂုဏ်ပြုမှတ်တမ်းလွှာများအား ပြန်လည်ပေးအပ်သည်။
ဆက်လက်၍ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး
ဗိူလ်မှူးကြီးဝင်းတင်စိုးထံ အလှူရှင် ဇေယျာပဒေသာဖောင်ဒေးရှင်း ကိုယ်စား ရဲမှူးကြီးတင်အောင်(ငြိမ်း)နှင့်
ဦးညွှန့်စိုး ထွေ/အုပ် (ငြိမ်း)တို့မှ အလှူငွေကျပ် - ၂၇၅ သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး
စီးပွားရေးရာဝန်ကြီး ဒေါ်ရီရီသန်းထံ အလှူရှင် ဒေါ်ခင်မြင့်အေး စစ်ကိုင်းမြို့ ကိုယ်စား
ဦးအောင်တိုးမှ အလှူငွေကျပ်- ၁၀ သိန်းအား ပေးအပ်လှူဒါန်းကြရာ ဂုဏ်ပြုမှတ်တမ်းလွှာများ
ပြန်လည်ပေးအပ်ကြသည်။
ထို့နောက် တိုင်းဒေသကြီး လူမူရေးရာဝန်ကြီး
ဦးအေးလိူင်က တိုင်းဒေသကြီးအစိုးရအဖွဲ့ ကိုယ်စား Oxygen Plant ၊ Oxygen
Concentrator ၊ ဆန် ၊ ဆီနှင့် အလှူငွေများ လှူဒါန်းပေးသည့် အတွက် ကျေးဇူးတင်စကားပြောကြားကာ
အခမ်းအနားကို ရုပ်သိမ်းခဲ့ကြသည်။
အဆိုပါ စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့သို့
အလှူရှင်များမှ ပစ္စည်းနှင့်အလှူငွေ လှူဒါန်း ငွေစုစုပေါင်းမှာ မြန်မာငွေ - ၁၉၄၈,၆၀,၀၀၀
ကျပ် (တစ်ထောင်ကိုးရာလေးဆယ် ရှစ်သိန်း ခြောက် သောင်းကျပ်)နှင့် အမေရိကန်ဒေါ်လာ - ၄၇၀၀၀
(လေးသောင်းခုနှစ်ထောင်) တို့အား လှူဒါန်းခဲ့ ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်
No comments:
Post a Comment