ဘားအံ စက်တင်ဘာ ၁၀
ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့် ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေး ကောင်စီ(KNU/KNLA-PC)တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ယမန်နေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးပြီး ပန်းခင်းစီမံချက်ဖြင့် အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ဆောင်ရွက်ပေးခဲ့ရာ ကရင်ပြည်နယ် ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့် တာဝန်ရှိသူများ သွားရောက်ကြည့်ရှုအားပေးခဲ့ကြသည်။
ရှေ့ဦးစွာ ကရင်ပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများသည် KNU/KNLA(PC)
(ထို့ကော်ကိုး) နော်တယာဒေသ ပိုးစာပင်နှင့်နနွင်းစိုက်ခင်း(၇)ဧကသို့
ရောက်ရှိပြီး စိုက်ခင်းများအား လိုက်လံကြည့်ရှု အားပေးကာ ဒေသခံတောင်သူများအား
ဟင်းသီးဟင်းရွက်မျိုးစေ့များထောက်ပံ့ ပေးအပ်ခဲ့သည်။
ထို့နောက် ထို့ကော်ကိုးဒေသ
ဝင်းသူဇာအရောင်းဆိုင်၌ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်း ဝန်ကြီးဌာန မွေးမြူရေးနှင့်ကုသရေး ဦးစီးဌာန၏
ရေဘေးသင့်ဒေသများသို့ တိရိစ္ဆာန်အစာများ ထောက်ပံ့သည့် အခမ်းအနားကို ကျင်းပရာ
ကရင်ပြည်နယ်ဝန်ကြီးချုပ်
ဦးစောမြင့်ဦးက အဖွင့်အမှာစကား ပြောကြားပြီး ပြည်နယ်ဝန်ကြီးချုပ်၊
ပြည်နယ်လုံခြုံရေးနှင့်
နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူး ကြီးမျိုးမင်းနောင်နှင့်
ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်တို့က နဘူးတံခွန်တိုင်ကျေးရွာနှင့်
နှစ်ခြားကျေးရွာတို့မှ ရေဘေးသင့်ပြည်သူများအား တစ်အိတ်လျှင် ငွေကျပ် ၃၀၀၀၀
(သုံးသောင်း)တန်ဖိုးရှိ တိရိစ္ဆာန်အစာအိတ် ၃၅ အိတ်ကို ထောက်ပံ့ပေးအပ်ခဲ့ရာ ဒေသခံတောင်သူတစ်ဦးက
ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။
ယင်းနောက် ကရင်ပြည်နယ်အစိုးရအဖွဲ့၏ ကြီးကြပ်မှုဖြင့်
ထို့ကော်ကိုးဒေသနှစ်သစ်ကူးကွင်း၌ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော်-ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)
တပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များအား ကိုဗစ်-၁၉
ကာကွယ်ဆေး ထိုးနှံပေးနေမှုအား
သွားရောက်ကြည့်ရှု အားပေးခဲ့ကြပြီး ကာကွယ်ဆေးထိုးနှံပေးနေသည့်
ကျန်းမာရေး ဝန်ထမ်းများနှင့် အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနဝန်ထမ်းများအား
စားသောက်ကုန်များ ထောက်ပံ့
ပေးအပ်ခဲ့သည်။
ဆက်လက်၍
အဆိုပါနှစ်သစ်ကူးကွင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ကော့ကရိတ်မြို့နယ်ရုံးမှ
One Stop Service စနစ်ဖြင့်နေ့ချင်းပြီး အိမ်ထောင်စု လူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြား ကွင်းဆင်းဆောင်ရွက်မှုအား
သွားရောက်ကြည့်ရှု အားပေးပြီး ပြည်နယ်ဝန်ကြီးချုပ်၊ KNU/KNLA-PC
ဥက္ကဋ္ဌ စောထော့လေး၊ အထွေထွေ
အတွင်းရေးမှူး ဒေါက်တာနော်ကပေါ်ထူး၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီး
မျိုးမင်းနောင်နှင့် လူမှုရေးဝန်ကြီး ဦးစိုးလွင်တို့က
နိုင်ငံသားစိစစ်ရေး ကတ်ပြားများအား
လက်ဝယ်အရောက် ပေးအပ်ခဲ့ကြသည်။
ထို့နောက်
ပြည်နယ်ဝန်ကြီးချုပ်၊ KNU/KNLA-PC
ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည်
ရေကြီးရေလျှံမှုကြောင့် ပျက်စီးခဲ့သည့် ထို့ကော်ကိုးဒေသ လုံဖူးကလိုးချောင်းကူးတံတားအား
ကြည့်ရှုခဲ့ပြီး တံတားသစ်တစ်စင်း တည်ဆောက်နိုင်ရေး တာဝန်ရှိသူများမှ ကွင်းဆင်းကြည့်ရှုပြီး
ပြန်လည်တင်ပြရန် မှာကြားခဲ့ကြောင်း
သိရသည်။
စောမျိုးမင်းသိန်း(ပြန်/ဆက်)
No comments:
Post a Comment