ဝါးခယ်မ စက်တင်ဘာ ၁၀
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် အထက်ပေကုန်းကျေးရွာတွင် ယမန်နေ့ မွန်းလွဲ ၂ နာရီက ရွှေလောင်းမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။
အဆိုပါရွှေလောင်းမြစ်ရေ
တိုက်စားမှုကြောင့် မြစ်ကမ်းပါးအရှည်(၁၅၀)ပေ၊ အကျယ် (၃၅)ပေခန့် ပြိုကျမှုဖြစ်ပွားခဲ့ရာ
လူ၊ တိရိစ္ဆာန်နှင့် အဆောက်အဦများ ထိခိုက်မှုမရှိကြောင်း၊ မြစ်ကမ်းပါးအနီးတွင် နေထိုင်သော
လူနေအိမ်(၉)လုံးနှင့် မိသားစုဝင်ကျား(၁၇)ဦး၊ မ(၁၈)ဦး၊ စုစုပေါင်း (၃၅)ဦးတို့အား ရွှေလောင်းနယ်မြေ
ရဲတပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် ရွာသူရွာသားများက ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခဲ့ကြောင်း
သိရသည်။
အထက်ပေကုန်း
ကျေးရွာအုပ်စုတွင် အထက်ပေကုန်းကျေးရွာ (၁)ရွာတည်းရှိပြီး ကျေးရွာတွင် အိမ်ခြေ(၅၇၈)လုံး၊
အိမ်ထောင်(၅၈၂)စု၊ လူဦးရေကျား(၁၂၄၁)ဦး၊ မ(၁၂၇၈)ဦး၊ ပေါင်း(၂၅၁၉)ဦး နေထိုင်ကြောင်းနှင့်
၎င်းကျေးရွာအုပ်စုသည် ရွှေလောင်းမြစ်၏ ကမ်းပါးအနီးတွင် တည်ရှိနေသဖြင့် အလားတူ မြစ်ကမ်းပါးပြိုကျမှုများ
ဖြစ်ပေါ်လေ့ရှိကြောင်း သိရသည်။
စောသန္တာဦး
No comments:
Post a Comment