Saturday, September 11, 2021

ခရိုင်းချင်းဆက် လမ်းအမှတ်(၁) လမ်းပေါ်ရှိ လက်ပံတန်းမြို့နယ် အပိုင် သဲကော တံတား ကွန်ကရစ်ကြမ်းခင်း ပြုပြင်ခြင်း လုပ်ငန်း ၉၅ရာ ခိုင်နှုန်းပြီးစီး


 

လက်ပံတန်း စက်တင်ဘာ ၁၁

 

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေး ဦးစီးဌာနမှ ၏ (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး(ပိုလျှံ)ရန်ပုံငွေဖြင့် ဌာနမှ ဆောင်ရွက်သော ခရိုင်းချင်း ဆက်လမ်း အမှတ်(၁)လမ်းပေါ်ရှိ လက်ပံတန်းမြို့နယ်အပိုင် ဝါးရုံပင်ဇင်းအုပ်စုနှင့် မှော်အင်းအုပ်စု နယ်ခြား သဲကောတံတား ကွန်ကရစ်ကြမ်းခင်း ပြုပြင်ခြင်း လုပ်ငန်း ဆောင်ရွက်မှု ၉၅ရာခိုင်နှုန်းပြီးစီး နေပြီဖြစ်ကြောင်း သိရသည်။

 

အဆိုပါ ခရိုင်းချင်းဆက်လမ်းပေါ်ရှိ သဲကောတံတား ကွန်ကရစ်ကြမ်းခင်းပြုပြင်ခြင်းလုပ်ငန်း  ဆောင်ရွက်မှုကို  (၂၀၂၀-၂၀၂၁) ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး   (ပိုလျှံ)ရန်ပုံငွေ     (၂၂.၀၀ ) ကျပ်သန်း ဖြင့် အလျား၈၀ပေ၊ အနံ ၁၆ ပေ ကွန်ကရစ်ကြမ်းခင်းပြုပြင်ခြင်း လုပ်ငန်းဆောင်ရွက်နေခြင်းဖြစ်သည်။ ထိုလုပ်ငန်းကို ယမန်နေ့က မြို့နယ် စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးဘုန်းလှိုင်၊ အတွင်းရေးမှူး ရဲမှူးတင်ဦးနှင့်  ကျေးလက်လမ်း ဖွံ့ဖြိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်စန်းနွဲ့ကြည်နှင့်မြို့နယ်စည်ပင် သာယာရေးအဖွဲ့   တာဝန်ခံ အင်ဂျင်နီယာ ဦးအောင်မိုးတို့မှ လုပ်ငန်း ဆောင်ရွက်နေမှုများကို ကြည့်ရှု စစ်ဆေး ခဲ့ရာ ၉၅ရာနှုန်းပြီးစီးပြီဖြစ်ကြောင်း သိရသည်။

 

ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်မှုကြောင့် ကျေးလက်နေပြည်သူများ၏ ကျန်းမာရေး၊ လူမှုရေး၊ စီးပွားရေးအဆင်ပြေစေပြီး ကျေးလက်ဒေသနေ ပြည်သူများ၏ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်အခြား စီးပွားရေး လုပ်ငန်းများ၏ ထုတ်ကုန်/ ထွက်ကုန်များကို ကုန်ကျစရိတ်အနည်းဆုံးဖြင့် လျင်မြန်စွာ ရောက်ရှိစေနိုင်မည်ဖြစ်ကြောင်း သိရသည်။

 

ဝင့်နန္ဒာဌေး  



No comments:

Post a Comment