Saturday, September 11, 2021

ကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် တိုင်းဒေသကြီးအတွင်းရှိ Volunteer များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ်၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး (၂၇/၂၀၂၁) တက်ရောက်

 





မကွေး စက်တင်လာ ၁၁

မကွေးတိုင်းဒေသကြီးအတွင်းရှိ Volunteer များ၊ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများအတွက် ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးအပ် အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် တက်ရောက် အမှာစကားပြောကြားကာ ကျန်းမာရေးသုံး အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုသည် ပထမလှိုင်း၊ ဒုတိယလှိုင်း၊ တတိယလှိုင်းဆိုပြီး ကမ္ဘာ့နိုင်ငံများ နည်းတူ မြန်မာနိုင်ငံတွင်လည်း ဖြစ်ပွားလျက်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသခြင်းလုပ်ငန်းစဉ်များမှာ နိုင်ငံတော်အစိုးရနှင့်အတူ လက်တွဲပါဝင် ဆောင်ရွက်လျက်ရှိတဲ့ စေတနာ့ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့ အစည်းများ၏ အခန်း ကဏ္ဍဟာလည်း အရေးကြီးလှပါကြောင်း၊ဒီလို လက်တွဲ ပူးပေါင်းဆောင်ရွက်လျက်ရှိတဲ့ ပရဟိတအဖွဲ့ အစည်းများနဲ့ စေတနာ့ဝန်ထမ်း များအတွက် လိုအပ်သော ကျန်းမာရေးသုံးအကာအကွယ်ပစ္စည်းများ ထောက်ပံ့ပေးခြင်း၊ စေတနာ့ဝန်ထမ်းသင်တန်းများ ဖွင့်လှစ်ပေးခြင်း၊ အနေအထိုင် အစားအသောက် အသွားအလာ ကိစ္စများ ပံ့ပိုးကူညီပေးခြင်း ကျန်းမာရေးအာမခံထားရှိပေးခြင်းတို့ကို နိုင်ငံတော်အစိုးရ အနေဖြင့် အသိအမှတ်ပြု ထောက်ပံ့ပေးလျက်ရှိကြောင်း၊ ယခုလဲ ကျန်းမာရေးသုံး အကာအကွယ်ပစ္စည်း (၉)မျိုးဖြစ်တဲ့ Surgical Mask, KN95 Mask, Hand Sanitizer , PPE, Surgical Gown, Goggle, Boot, Surgical Cap, Exam Gloves များအား တိုင်းဒေသကြီးအတွင်းရှိ ပရဟိတအဖွဲ့အစည်း (၁၂၉)ဖွဲ့မှ စေတနာ့ဝန်ထမ်းများထံသို့ စနစ်တကျကြီးကြပ်၍ သက်ဆိုင်ရာမြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပါ်တုံ့ပြန်ရေးကော်မတီများမှတဆင့် ဖြန့်ဝေပေးသွားမှာဖြစ်ကြောင်း၊ ပရဟိတ အဖွဲ့အစည်း အသီသီးမှ စေတနာ့ ဝန်ထမ်းများ အနေဖြင့်မိမိတို့၏ အချိန်၊ လုပ်အား၊ ကျွမ်းကျင်မှု၊ အကြံဉာဏ် များကို အခကြေးငွေမယူဘဲ စေတနာ့ဝန်ထမ်းအဖြစ် မိမိတို့ဆန္ဒအလျောက် ကိုဗစ်-၁၉ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းစဉ်များမှာ တက်တက် ကြွကြွ ပါဝင်ဆောင်ရွက်ပေးနေကြတာဖြစ်လို့ မိမိတို့အစိုးရအဖွဲ့ အနေဖြင့် လည်း အသိအမှတ်ပြု ချီးကျူးဂုဏ်ပြုပါကြောင်း၊ ဆက်လက်ပြီးလဲ ပူးပေါင်း ပါဝင် ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းပြောကြားသည်။

ဆက်လက်ပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များက တိုင်းဒေသကြီးအတွင်းရှိ တက်ရောက်လာသည့် Volunteer များ၊ စေတနာ့ ဝန်ထမ်းများနှင့် ပရဟိတအဖွဲ့အစည်းများအား ကျန်းမာရေးသုံး အကာအကွယ် ပစ္စည်းများ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ မကွေးတိုင်းဒေသကြီး ကိုဗစ်−၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေး(၂၈/၂၀၂၁)ကို တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ရာ တိုင်းဒေသကြီး ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင် တက်ရောက်၍ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များနှင့် ပတ်သက်၍ လမ်းညွှန်မှာကြား ဆောင်ရွက်ခဲ့သည်။

ယင်းနောက် သက်ဆိုင်ရာ ခရိုင်များအလိုက် တာဝန်ပေးအပ်ထားသည့် ကော်မတီဝင်များနှင့် တိုင်းဒေသကြီးပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီး ဌာနမှူး တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးအတွက် နေ့စဉ် လုပ်ငန်း ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ပတ်သက်၍ အသီးသီး ရှင်းလင်းတင်ပြ ဆွေးနွေးခဲ့ကြပြီး၊ ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ်က တင်ပြချက်များ အပေါ် လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးကာ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုလျော့ချရေးလုပ်ငန်းစဉ်များ ဆက်လက်ပြီး ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြဖို့နှင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ဗဟိုကော်မတီ၏ လမ်းညွှန်ချက်များအား အချိန်နှင့်တစ်ပြေးညီ လိုက်နာ ဆောင်ရွက် သွားကြဖို့ မှာကြားဆောင်ရွက်ခဲ့သည်။

မောင်ညီညာ(မကွေး)

 

No comments:

Post a Comment