Saturday, September 11, 2021

ရှမ်းပြည်ဝန်ကြီးချုပ်၊ ဒေါက်တာကျော်ထွန်း ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ များနှင့် တွေ့ဆုံ

 








တောင်ကြီး စက်တင်ဘာ ၁၁

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့၊ မြို့တော်ခန်းမတွင် ယမန်နေ့နံနက် (၉)နာရီက လားရှိုးမြို့ ပြည်နယ်အဆင့်ဌာနဆိုင်ရာများ၊ ခရိုင်/မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့များနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့နှင့် တွေ့ဆုံကြောင်း သိရ သည်။

တွေ့ဆုံပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ မှာကြားချက်များကို ထပ်ဆင့်ရှင်းလင်းပါသည်။ ထို့နောက် မူဆယ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးအောင်မိုးမှ ကျန်းမာရေးကိစ္စရပ်များ၊ လားရှိုးမြို့စည်ပင်သာယာ ရေး ဒုတိယညွှန်ကြားရေးမှူး ဦးတင်ကိုမှ ဘဏ္ဍာငွေကောက်ခံ ရရှိမှုကိစ္စရပ်များ တင်ပြ ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တင်ပြဆွေးနွေးမှုအပေါ် ဖြည့်စွက်ပြောကြားသည်။

ထို့နောက် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ကိုဗစ်-၁၉ရောဂါကာကွယ်ရေး ပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်း က ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် အလှူငွေ ကျပ်သိန်း (၂၀၀) ၊ (၄၀)လီတာဆံ့ အောက်ဆီဂျင်ဆလင်ဒါအိုးအလုံး(၃၀)နှင့် Flow meter(၃၀)ခု အား ထောက်ပံ့ပေးအပ်ခြင်းနှင့် ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီး ဗိုလ်မှူးကြီးလှဦးက ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွက် Oxygen Concentrator (၄)လုံးအား ပေးအပ်ရာ ပလောင်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ ဥက္ကဋ္ဌ ဦးတာသိန်းဇော်မှ လက်ခံရယူ၍လည်းကောင်း၊ ပြည်နယ်လူမှုရေး ဝန်ကြီး ဦးအောင်မြင့်က`ဝ´ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းအတွက် Oxygen Concentrator (၄)လုံးအားထောက်ပံ့ပေးအပ် ရာ`ဝ´ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်း ဥက္ကဋ္ဌ ဦးညီနပ် မှ လက်ခံ ရယူ၍ လည်းကောင်း၊ ပြည်နယ် လမ်းပန်း ဆက်သွယ်ရေး ဝန်ကြီး ရဲမှူးချုပ်တင်ကိုကိုမှ လားရှိုးခရိုင်ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီအတွက် အလှူငွေကျပ်(၁၀)သိန်း ထောက်ပံ့ပေးအပ်ရာ လားရှိုး ခရိုင်ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်းမှ လက်ခံရယူ၍ လည်းကောင်း၊ ပြည်နယ်ဥပဒေချုပ်ဦး စိုင်းကျော်ဇံမှ လားရှိုးခရိုင်အတွင်းရှိ တိုက်နယ် ဆေးရုံ(၁၀)ခုအတွက် ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများ ထောက်ပံ့ပေး အပ်ရာ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ရဲအောင်ထွန်းမှ လက်ခံရယူ၍လည်းကောင်း၊ ကိုးကန့်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသဥက္ကဋ္ဌ ဦးမြင့်ဆွေမှ လားရှိုးမြို့နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်၊ ကုသရေးလုပ်ငန်း ကော်မတီအတွက် အလှူငွေ(၁၀)သိန်းကျပ် ထောက်ပံ့ပေးအပ်ရာ လားရှိုး မြို့နယ် ကိုဗစ်-၁၉ကာကွယ်၊ထိန်းချုပ်၊ ကုသရေးလုပ်ငန်းကော်မတီ ဥက္ကဋ္ဌ ဦးဇော်နိုင်ဦးမှ လက်ခံရယူပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိဂုံးချုပ်စကားပြောကြားခဲ့သည်။

၎င်းနောက်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ အရှေ့မြောက်တိုင်း စစ်ဌာချုပ်တိုင်းမှူးဗိုလ်မှူးချုပ် နိုင်နိုင်ဦး၊ ပြည်နယ်ဝန်ကြီးများ၊ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည လားရှိုးမြို့ ရန်တိုင်းအောင်ဘုရားရှိ ပတ္တမြားမျက်ရှင်အား ပန်း၊ ရေချမ်း၊ ဆီမီးပူဇော်ကာ ဘုရားအတွက် အလှူတော်ငွေများ ပေးအပ်လှူဒါန်းပေးကြပြီး ဗုဒ္ဓဥယျာဉ်တော်အတွက် အလှူတော်ငွေများကို အလှူရှင်များမှပေးအပ်လှူဒါန်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ကျော်ထွန်းနှင့် ဘုရားဂေါပက တာဝန်ရှိသူတစ်ဦးတို့က လက်ခံ ရယူပေး ကြသည်။

ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်ဝန်ကြီးများ၊ တာဝန်ရှိသူတို့သည် လားရှိုးမြို့ပညာရေးဒီဂရီကောလိပ် ကိုဗစ်-၁၉ ရောဂါကြပ်မတ်ကုသဆောင် အား သွားရောက်ကာပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက အဖွင့် အမှာစကားပြောကြားပြီး ပညာရေးဒီဂရီကောလိပ် ကိုဗစ်-၁၉ရောဂါကြပ်မတ် ကုသဆောင်အုပ်ချုပ်မှု ကော်မတီဥက္ကဋ္ဌမှ ကိုဗစ်-၁၉ရောဂါလူနာများအား ကုသစောင့်ရှောက်မှုပေးသည့် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းကာ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်းက ကြပ်မတ်ကုသဆောင်နှင့် Positive Center တွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် စေတနာ့ဝန်ထမ်းများ အား ထောက်ပံ့ငွေကျပ်(၁၀)သိန်းနှင့်စား သောက်ဖွယ်ရာများ ထောက်ပံ့ပေး အပ်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများနှင့်တာဝန်ရှိသူတို့သည် ဘက်စုံခြံ(ရမခ)ရှိ Oxygen စက်ရုံ၌ အောက်ဆီဂျင် ထုတ်လုပ်မှုအခြေအနေ များအား ကြည့်ရှုစစ်ဆေးရာ အဆိုပါစက်ရုံတွင်(၁)ရက်လျှင် (၂၀) လီတာအိုး (၄၀)နှင့် စက်ကြီး(၁)ရက်လျှင် (၄၀)လီတာအိုး(၂၀၀)ထွက်ရှိပြီး လားရှိုးမြို့ ဝန်းကျင်ကို အခမဲ့ဖြန့်ချီ ပေးလျက်ရှိကြောင်းနှင့် လားရှိုးမြို့ပြည်သူ့ဆေးရုံရှိ Oxygen စက်ရုံ၌ အောက်စီဂျင်ထုတ်လုပ်မှုအခြေအနေကိုလည်း သွားရောက် ကြည့်ရှုရာစက်ရုံမှ(၁)ရက်လျှင်(၄၀)လီတာအိုး(၃၂) ထွက်ရှိပြီး ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် လားရှိုးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး စစ်ပေးမည့် PCR စက်ထားရှိမည့် နေရာတို့ကိုလည်း သွားရောက် ကြည့်ရှု စစ်ဆေး ခဲ့ကြောင်း သိရှိရသည်။

အင်းသားလေး(တောင်ကြီး)

 

No comments:

Post a Comment