ဆင်ပေါင်ဝဲ စက်တင်ဘာ ၈
ယနေ့ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံအများစုမှာ လတ်တလောရင်ဆိုင်ကြုံတွေ့နေရတဲ့ ကိုဗစ်-၁၉ ရောဂါနှင့်ပတ်သက်ပြီး ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် ပြည်သူများအကြား ကူးစက် ပျံ့နှံ့မှု မဖြစ်ပေါ်စေရေး ကာကွယ်ဆေးထိုးနှံပေးမှုများနှင့်အတူ ကျန်းမာရေးစည်းကမ်းချက်များနှင့် အညီ သွားလာနေထိုင်နိုင်ရေး ပညာပေးမှုများ ၊ ထုတ်ပြန်ကြေညာမှုများကို အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ပြည်သူများအကြား ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံပေးမှုနှင့် ပတ်သက်၍လည်းတစ်ဆင့်ချင်း ဆီသတ်မှတ်ချက်များနှင့်
အညီ အလွှာလိုက်တစိုက်မတ်မတ်ထိုးနှံပေးလျက်ရှိရာ ဆင်ပေါင်ဝဲမြို့နယ် မှာတော့ ဒုတိယအကြိမ်ထိုးနှံပေးခဲ့ပြီးဖြစ်ပါတယ်။
ပြည်သူများအကြား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးခြင်းအပါအဝင် ကိုဗစ်-၁၉ရောဂါနှင့်
ပတ်သက်၍ ကြုံတွေ့ဖြတ်ကျော်လာသောသူများရဲ့ ရင်တွင်းစကားသံများကို ခုလိုဘဲတွေ့ဆုံမေးမြန်းခဲ့ပါတယ်ရှင်။
(၁) ဦးမျိုးမြင့်
အမှတ်(၁) ရပ်ကွက် ၊ ဆင်ပေါင်ဝဲမြို့
စိုက်ပျိုးရေးဦးစီးဌာန
ကျွန်တော်ကတော့ စိုက်ပျိုးရေးဦးစီးဌာနမှ ဒု-ဦးစီးမှူး ဦးမျိုးမြင့်ဖြစ်ပါတယ်။
ကျွန်တော် ကိုဗစ်ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီးသားဖြစ်ပါတယ်။ ကျွန်တော် ဇွန်လ
၁၄ ရက်နေ့မှာ နှာစေး ၊ချောင်းဆိုးဖြစ်လာလို့ စစ်ဆေးကြည့်လိုက်သည့်အခါမှာ ကိုဗစ်ပိုးတွေ့ပါတယ်။
ဒါပေမဲ့ ကိုဗစ်ပိုးတွေ့တဲ့အခါ အနည်းငယ်တော့ တုန်လှုပ်သွားတာပေါ့ဗျာ။
သို့သော် ကိုဗစ်ပိုးက တကယ်တမ်းတော့ကြောက်စရာမလိုပါဘူး။
ကျန်းမာရေးဝန်ကြီးဌာန၏ ညွှန်ကြားချက်နှင့်အညီ ပေးတဲ့ ဆေးတွေကိုသောက်ပြီး အိပ်ရေးဝအောင်အိပ်မယ်ဆိုရင်
ကိုဗစ်ကို တွန်းလှန်နိုင်ပါတယ်။ ကိုဗစ်ကာကွယ်ဆေးကလူတိုင်းထိုးသင့်တယ်လို့ကျွန်တော်ယူဆပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ ကိုဗစ်ကာကွယ်ဆေးကိုထိုးခြင်းအားဖြင့် ၇၈ ရာခိုင်နှုန်းလောက် ကာကွယ်နိုင်တယ်လို့
လေ့လာသိရှိရပါတယ်။ ဒါကြောင့် ကိုဗစ်ကာကွယ်ဆေးဟာ လူတိုင်းမဖြစ်မနေထိုးသင့်ပါတယ်။နောက်တစ်ခုကတော့ကျွန်တော်
Quarantine ဝင်နေတဲ့အချိန်မှာကျွန်တော်ကြုံတွေ့ရတာကတော့ ဆင်ပေါင်ဝဲမြို့နယ် ဖိုလေးလုံးကျေးရွာ
ကိုဗစ်ပိုးတွေ့ရှိသူ လူငယ်တစ်ယောက်ဆိုရင် ကျွန်တော့်
မျက်စိရှေ့မှာ လဲကျသွားပြီး အရေးပေါ်ကားနဲ့ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ကာ
အောက်စီဂျင်ပေးရတဲ့အဆင့် ထိဖြစ်လာပါတယ်။ စုံစမ်းကြည့်လိုက်တော့ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးဘူး
ဆိုတာ သိရပါတယ် ။ ဒါကြောင့် ပြည်သူများအနေဖြင့် ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခွင့်ရရင်ထိုးကြပါလို့ပြောချင်ပါတယ်။
ကိုဗစ်ပိုးကိုအရမ်းကြောက်ဖို့မလိုပဲ ကျန်းမာရေးဝန်ကြီးဌာန၏လမ်းညွှန်ချက်တွေကိုလိုက်နာရင်းအာဟာရရှိတဲ့အစားအစာများ
ကိုစားသုံးမယ်၊ကောင်းစွာအိပ်စက်အနားယူမည်ဆိုပါကကိုဗစ်ပိုးကိုတွန်းလှန်နိုင်မှာဖြစ်တယ်။
(၂) ဒေါ်ဌေးဌေးဝင်း
အမှတ်(၂)ရပ်ကွက် ၊ ဆင်ပေါင်ဝဲမြို့
ကျွန်မကတော့ မကွေးတိုင်းဒေသကြီး ၊ ဆင်ပေါင်ဝဲမြို့ ၊ အမှတ်( ၂ ) ရပ်ကွက်မှာ နေတဲ့ ဒေါ်ဌေးဌေးဝင်းဖြစ်ပါတယ်။ ကျွန်မ ကိုဗစ်ပိုးစတွေ့တဲ့ အချိန်တုန်းက အရမ်းကိုတုန်လှုပ်ခဲ့ပါတယ်။ (၂) ရက်ဖျားပြီးတော့ (၃) ရက်မြောက်နေ့မှာ အနံ့မရတော့ပါဘူး။ (၆) ရက်မြောက်နေ့မှာတော့ အနံ့ပြန်ရပါတယ်။ အဲ့ဒါနဲ့ ကျွန်မ ဆရာဝန်ကညွှန်ကြားတဲ့ဆေးတွေကို သောက်သုံးပါတယ်။ အားရှိတဲ့ အစားစာတွေကို စားပါတယ်။ အဲ့ဒီလိုနဲ့ ကျွန်မပြန်ပြီးတော့ နေကောင်းလာပါတယ်။ ကျွန်မတတိယလှိုင်းမှာ ကိုဗစ်ပိုးစဖြစ်ပေမဲ့ ဆေးနှစ်ကြိမ်ထိုးပြီးသားဖြစ်ပါတယ်။ ဆေးထိုးထားတဲ့အတွက် ကျွန်မခံနိုင်ရည် အများကြီးရှိပါတယ်။ ကိုဗစ်ပိုး ဖြစ်ရင်လည်း ဘာမှကြောက်စရာမလိုပါဘူး။ အိပ်ရေးဝဝအိပ်မယ် ၊ လေ့ကျင့်ခန်းကို ပုံမှန်လုပ်ပေးမယ်၊ရေနွေးငွေ့ရှုပေးမယ်ဆိုရင်ပြန်လည်ကောင်းမွန်လာပါလိမ့်မယ်။ ပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရရင် ထိုးကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုဗစ်-၁၉ရောဂါကာကွယ်ဆေးထိုးပေးတဲ့နိုင်ငံတော်အစိုးရကလူကြီးမင်းများကိုလည်းကျေးဇူးအများကြီးတင်ကြောင်း ပြောကြားလိုပါတယ်။
(၃) ဒေါ်တင်မာချို
အမှတ်(၃)ရပ်ကွက် ၊ ဆင်ပေါင်ဝဲမြို့
ကျွန်မကတော့ ဆင်ပေါင်ဝဲမြို့ အမှတ်( ၃ ) ရပ်ကွက်မှ ဒေါ်တင်မာချို ဖြစ်ပါတယ်။ ကျွန်မကတော့ ကိုဗစ် ရောဂါကို တတိယလှိုင်းမှာ စတင် ခံစားရပါတယ်။ ကျွန်မ စတင်ခံစားရတဲ့အချိန်မှာပထမ ဖျားတယ် ၊ ချောင်းနည်းနည်းဆိုးတယ် ၊ ( ၃ ) ရက်နေတော့ အနံ့ပျောက်သွားပါတယ်။ အနံ့ပျောက်ပျောက်ခြင်းမှာ အားရှိတဲ့အစားစာတွေကိုစားတယ် ၊ ဆရာဝန်က ညွှန်ကြားတဲ့ဆေးတွေကိုသောက်တယ် ၊ အိပ်ရေးဝဝအိပ်တယ်။ ကျွန်မ (၇) ရက်လောက်နေတော့ အနံ့ပြန်ရလာတယ်။ ကိုဗစ်ရောဂါဖြစ်တိုင်း ကြောက်စရာမလိုပါဘူး။ ကျွန်မ ကိုဗစ် ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်ထိုးထားတဲ့အတွက် ကိုဗစ်ပိုးတွေ့ရှိတဲ့ အချိန်မှာ အရမ်းကြီးမခံစားခဲ့ရပါဘူး။ ကျွန်မတို့ စင်တာမှာဆိုရင် ကိုဗစ်ရောဂါကာကွယ်ဆေးမထိုးရသေးတဲ့လူတိုင်း ရောဂါပြင်းထန်စွာ ခံစားရတာကို မျက်မြင်တွေ့ရှိခဲ့ရပါတယ်။ ပြည်သူအားလုံး ကိုဗစ်ရောဂါစတင်ခံစားရပြီဆိုရင် စိတ်ဓာတ်မကျပဲနဲ့ စိတ်ဓာတ်ခွန်အားကိုမြှင့်တင်ပေးပါ ၊ အားရှိတဲ့အစားစာကိုစားပါ ၊ အိပ်ရေးဝဝအိပ်ပါ ကိုဗစ်ကာကွယ်ဆေးကိုလည်းထိုးခွင့်ရရင် ထိုးကြပါလို့ ပြောချင်ပါတယ်ရှင်။ကိုဗစ်ရောဂါကာကွယ်ဆေးကိုထိုးနှံပေးတဲ့ နိုင်ငံတော်အစိုးရကိုလည်း ကျေးဇူးတင်ပါတယ်။
(၄) ဒေါ်စန်းစန်းမှု
အမှတ်(၁)ရပ်ကွက် ၊ ဆင်ပေါင်ဝဲမြို့
မင်္ဂလာပါရှင်။ ကျွန်မကတော့ ဆင်ပေါင်ဝဲမြို့ အမှတ်(၁) ရပ်ကွက်မှာနေတဲ့ ဒေါ်စန်းစန်းမူ
ဖြစ်ပါတယ်ရှင်။ ကျွန်မကိုဗစ်-၁၉ရောဂါကာကွယ်ဆေးကို နှစ်ကြိမ်ထိုးပြီးသား ဖြစ်ပါတယ်။
ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားဖြစ်ပေမယ်လို့တတိယလှိုင်းမှာ ကိုဗစ်ရောဂါကို
ခံစားခဲ့ရပါတယ်။ကိုဗစ်ရောဂါခံစားရတော့ Quarantine Centre မှာ နေခဲ့ရပါတယ်။ အဲ့ဒီအချိန်မှာ
ကျွန်မကကာကွယ်ဆေး နှစ်ကြိမ်ထိုးပြီးသားဖြစ်တဲ့အတွက် ရောဂါပြင်းပြင်းထန်ထန်မခံစားရပါဘူးရှင့်။
(၇)ရက်(၇)လမှာရောဂါပိုးစတွေ့တယ် Quarantine ဝင်ရတယ်။ Quarantine ဝင်တော့
အဲဒီထဲမှာ လူမျိုးစုံ အရှေ့တောတွေကလဲပါတယ်။ ဘာတွေသွားတွေ့ရလဲဆိုရင် တစ်ချို့လူတွေက
ကာကွယ်ဆေးမထိုးရသေးတဲ့အတွက်ပြင်းပြင်းထန်ထန်ခံစားရတယ်။ အောက်စီဂျင်ကျတယ်။ ဆေးရုံတက်ကြရတယ်။
အဲ့ဒီလူတွေကိုမေးကြည့်လိုက်တဲ့အခါမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေးမထိုးရသေးဘူးလို့
ပြောပါတယ်။ အဲ့ဒါကြောင့်မလို့ ကျွန်မ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးခဲ့တာမှန်တယ်လို့
ထင်လိုက်ပါတယ်။ကျန်းမာရေးဝန်ကြီးဌာနမှညွှန်ကြားချက်နှင့်အညီ ဆရာဝန်ကဖုန်းဆက်တယ်ရှင့်အားရှိတဲ့
အစားစာတွေစားဖို့ ၊ အိပ်ရေးဝဝအိပ်ဖို့ ၊ လေ့ကျင့်ခန်းမှန်မှန်လုပ်ဖို့ ၊ ဆေးပုံမှန်သောက်ဖို့
ပြောကြားပါတယ်။ ပြည်သူများ အနေဖြင့်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးခွင့်ရရင် ထိုးကြပါလို့
ကျွန်မအနေနဲ့ တိုက်တွန်းပေးချင်ပါတယ်။
(၅) ဦးသန်းဇော်
အမှတ်(၃)ရပ်ကွက် ၊ ဆင်ပေါင်ဝဲမြို့
ကျွန်တော်ကတော့ ဆင်ပေါင်ဝဲမြို့ အမှတ် ( ၃ ) ရပ်ကွက်မှ ဦးသန်းဇော် ဖြစ်ပါတယ်။ ကျွန်တော်ကတော့ ဇူလိုင်လထဲမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့သဖြင့် Quarantine Centre ထဲမှာနေထိုင်ခဲ့စဉ်က ပရဟိတအဖွဲ့များ ၊ ကျန်းမာရေးအဖွဲ့များ၏ နွေးထွေးပျူငှာစွာနှင့် စွမ်းဆောင်ချက်တွေကြောင့် ကျွန်တော့်မှာအားတစ်ခုဖြစ်ခဲ့ပါတယ်။ ကျွန်တော် ကိုဗစ်-၁၉ ရောဂါ မဖြစ်ခင် ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးနှစ်ကြိမ်ထိုးနှံပြီးသားဖြစ်ပါတယ်။ကာကွယ်ဆေးထိုးပြီးသားဖြစ်တဲ့အတွက် ဖျားနာခြင်း ၊ ကိုက်ခဲခြင်းမခံစားရပဲ ၊ အနံ့ပျောက် သက်သက်သာခံစားခဲ့ရပါတယ်။ ကိုဗစ်-၁၉ ရောဂါဖြစ်ခဲ့လျှင်လည်း ကြောက်စရာ လန့်စရာမလိုပါဘူး။ ကျွန်တော်တို့ဆိုရင်ကျန်းမာရေးဝန်ကြီးဌာနမှ ညွှန်ကြားချက်များနှင့်အညီဆေးများကိုသောက်သုံးတဲ့အတွက်ကိုဗစ်-၁၉ရောဂါကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။ ဒါကြောင့်မလို့နိုင်ငံတော်မှ ကိုဗစ်-၁၉ ရောဂါကာကွယ် ဆေးထိုးနှံ နေတဲ့အချိန်မှာ မိတ်ဆွေများ အနေဖြင့် လက်လွတ်မသွားအောင် ထိုးနှံကြဖို့ တိုက်တွန်းလိုပါတယ်။ ကိုဗစ်-၁၉ကာကွယ်ဆေးထိုးနှံခွင့် ရရှိအောင် စွမ်းဆောင်ပေးတဲ့ နိုင်ငံတော်အကြီးအကဲများ ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ပရဟိတအဖွဲ့များကိုလည်းအထူးကျေးဇူးတင်ပါတယ်။
မြို့နယ်(ပြန်/ဆက်)
တွေ့ဆုံမေးမြန်းသူ-ဒေါ်ချိုချိုဝင်း
ဓာတ်ပုံ-ခန့်ဝင်း(ဆင်ပေါင်ဝဲ)





No comments:
Post a Comment