မြန်အောင် စက်တင်ဘာ ၈
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ မြန်အောင်မြို့တွင် အလှူရှင်များ၏စုပေါင်းလှူဒါန်းမှုဖြင့် ဝယ်ယူသည့် အောက်ဆီဂျင်စက်သည် မနေ့က ရောက်ရှိပြီး စက်တပ်ဆင်ရေးလုပ်ငန်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ကိုယ်ထူကိုယ်ထ အောက်ဆီဂျင်ဖြည့်တင်းစက်ကို မြန်အောင်မြို့ အမှတ် ၃ ရပ်ကွက် ကျိတ္တန်းအနောက်လမ်း ပါရမီလူမှုကူညီရေးအသင်းရုံးမြေနေရာတွင်ဆောက်လုပ်၍ အောက်ဆီဂျင်လို အပ်နေသော လူနာများအား အခမဲ့ဖြန့်ဝေပေးသွားမည်ဖြစ်သည်။
အဆိုပါ စက်တပ်ဆင်ရေးလုပ်ငန်းများ ဆောင်ရွက်ပြီးစီးပါက တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာ အိုး အလုံး(၂၀၀) ဖြည့်သွင်းနိုင်မည်ဖြစ်ပြီး စက်တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၅၇၀၀၀ ဖြစ်ကြောင်း သိရသည်။
ထွန်းဇော်ထွန်း





No comments:
Post a Comment