Wednesday, September 8, 2021

တောင်တွင်းကြီးမြို့နယ်တွင် ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူ (၁၀၆၃) ဦးအား နိုင်ငံသားစိစစ်ရေး ကတ်ပြားအခမဲ့ ပြုလုပ်ပေးပြီးဖြစ်

 



တောင်တွင်းကြီး  စက်တင်ဘာ  

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန ၊ မကွေးတိုင်းဒေသကြီး ၊ တောင်တွင်းကြီးမြို့ နယ်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဦးစီးဌာနရုံးမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူး၊ ဦးဆောင် သောဝန်ထမ်းများအဖွဲ့က မြို့နယ်အတွင်းရှိ နိုင်ငံသားစိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် အိမ်ထောင်စုလူဦးရေစာရင်း ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ရုံးပိတ်ရက်မရှိ ပြုလုပ်ဆောင် ရွက်ပေးလျက်ရှိရာ ယနေ့အထိ ဒေသခံပြည်သူ( ၁၀၆၃ )ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားအခမဲ့ ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ကြောင်း အဆိုပါ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးကျော်ထူးထံမှ သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် ဒေသခံပြည်သူများကို အိမ်ထောင်စုလူဦးရေစာရင်းနှင့်နိုင်ငံသား စိစစ်ရေးကတ်ပြား ပြုလုပ်ဆောင်ရွက်ရာတွင် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနမှူး ဦးကျော်ထူး၏အနီးကပ် ကြီးကြပ်မှုဖြင့် ဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါကူးစက်မှု အန္တရာယ်ကင်းဝေးစေရေးအတွက် ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားရှိသော ကာကွယ်ရေး လမ်းညွှန်ချက်များနှင့်အညီ ရုံးပိတ်ရက်မရှိ နေ့စဉ်ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပြီး အကြောင်းအမျိုး မျိုးကြောင့် သွားလာရေအခက်အခဲရှိသော ရပ်ကွက်/ကျေး ရွာများကိုလည်း သက်ဆိုင်ရာရပ်/ကျေး အုပ် ချုပ်ရေးမှူးများနှင့် ချိတ်ဆက်ပြီး ကွင်းဆင်းပြုလုပ်ပေးနေကြောင်း သိရသည်။

ထိုသို့ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားပြုလုပ်ဆောင်ရွက်ပေးခြင်းကို တစ်မြို့နယ် လုံးအနေဖြင့် လူဦးရေ (၃၅၅၈) ဦး လျာထားဆောင်ရွက်ပေးသွားမည်ဖြစ်ကာ ယနေ့ အထိဒေသခံ ပြည်သူ (၁၀၆၃) ဦးအား ပြုလုပ်ဆောင်ရွက်ပေးနိုင်ခဲ့ပြီဖြစ်ပြီး အိမ်ထောင်စုလူဦးရေစာရင်းအနေဖြင့် အိမ်ထောင်စု (၁၃၁၇) စု ပြုလုပ်ဆောင်ရွက်ပေးထားပြီးဖြစ်ကြောင်း သိရသည်။ ဆောင်ရွက်ကျန် ရှိသည့် ဒေသခံပြည်သူများကိုလည်း သတ်မှတ်လျာထားဦးရေပြည့် မီရေးအတွက် စဉ်ဆက်မပြတ်ပြု လုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ် ဦးစီးမှူးဦးကျော်ထူးက ပြောသည်။

 

ဦးနိုင်ဝင်း

No comments:

Post a Comment