Sunday, September 12, 2021

ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများအား လွယ်ကူချောမွေ့စွာ တင်သွင်းနိုင်ရေးစီစဉ်ဆောင်ရွက်ပေးလျက်ရှိ

 




နေပြည်တော် စက်တင်ဘာ ၁၂

စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို လေကြောင်း၊ ရေကြောင်းနှင့် နယ်စပ်ကုန်သွယ်ရေးစခန်းများမှ အဆင် ပြေချောမွေ့စွာ တင်သွင်းနိုင်ရေးအတွက် အချိန်နှင့်တပြေးညီ စီစဉ်ဆောင်ရွက် ပေးလျက်ရှိရာ ယနေ့ တွင် ချင်းရွှေဟော်နှင့် မြဝတီ ကုန်သွယ်ရေးစခန်း (၂)ခု တို့မှ တင်သွင်းရာ၌ ကုမ္ပဏီ (၆) ခု မှ ယာဉ်စီး ရေ (၁၇) စီးဖြင့် အောက်ဆီဂျင်(အရည်) Bowserယာဉ် (၃) စီးဖြင့် (၆၀)တန်၊ အောက်ဆီဂျင်(အိုးခွံ) (၁၂၇) ခု၊ Oxygen Plant (၄) ခု ၊ PPE (၁၆၀၀) စုံ နှင့် နှာခေါင်းစည်း (Mask) (၅၇) တန် တင်သွင်းခဲ့သည်။ အောက်ဆီဂျင် (အရည်) Bowser ယာဉ် (၃) စီးမှာ ရန်ကုန်မြို့သို့ (၂) စီးနှင့် မော်လမြိုင်မြို့သို့ (၁) စီးဖြစ်ပြီး Oxygen Plant (၄) ခုမှာ မန္တလေးမြို့၊ ချောက်မြို့၊ မိုးညှင်းမြို့၊ ကန်ကြီးထောင့်မြို့တို့သို့ (၁) ခုစီ ဖြစ်ကြောင်းသိရှိရသည်။

ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆိုင်ရာပစ္စည်းများကို ပြည်ပမှတင်သွင်းရာတွင် နှောင့်နှေးကြန့်ကြာမှု မရှိစေရေးအတွက် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းထားသည့် SOP များနှင့်အညီ ဦးစားပေးတင်သွင်း ခွင့်ပြုပေးလျက် ရှိပါကြောင်းနှင့် ဆေးဝါးနှင့်ဆက်စပ်ပစ္စည်းများ တင်သွင်းခြင်းနှင့်သက်ဆိုင်သည့်အသိပေးကြေညာ ချက်များကိုလည်း အများပြည်သူသိရှိစေရန် ဝန်ကြီးဌာန Website ဖြစ်သည့် commerce.gov.mm တွင် ဝင်ရောက်ကြည့်ရှုနိုင်ရေး စီစဉ်ဆောင်ရွက်ပေးထား ပါကြောင်းသိရှိရသည်။

 (သတင်းစဉ်)

No comments:

Post a Comment