Sunday, September 12, 2021

နေပြည်တော်သပြေကုန်းဈေးအတွင်း ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးအတွက် နှာခေါင်းစည်း (Mask) များ ဝေငှခြင်းနှင့် ဈေးပြုပြင်ရေး လုပ်ငန်းဆောင်ရွက်မှုများ ကြည့်ရှုစစ်ဆေး



နေပြည်တော်   စက်တင်ဘာ  ၁၂

နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်သည်  တာဝန်ရှိသူများ နှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်သပြေကုန်းဈေးရှိ ကုန်စိမ်း၊ ကုန်ခြောက်၊ သားငါး ဆိုင်ခန်းများတွင် ရောင်းချလျက်ရှိသည့် ဈေးရောင်းချသူများ ကိုဗစ်-၁၉ ရောဂါကူးစက် ပြန့်ပွားမှု မရှိစေရေး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျ ခင်းကျင်းရောင်းချနေမှုအခြေအ နေများနှင့် ဈေးဝယ်လာရောက်သူများ Mask တပ်ဆင်၍ သတ်မှတ်ဝင်ပေါက်နေရာများ

မှ စနစ်တကျ ဝင်ရောက်ဈေးဝယ်ယူခြင်းတို့ကို ကြည့်ရှုစစ်ဆေးပြီး ဈေးရောင်းချသူများနှင့်ဈေးဝယ်သူ များကို  နှာခေါင်းစည်း (Mask) များလိုက်လံပေးဝေသည်။

ဆက်လက်၍ သပြေကုန်းဈေး RC ဈေးရုံဝင်းအတွင်း ဆောင်ရွက်လျက်ရှိသော နိမ့်ကျပျက်စီး နေသည့် ကွန်ကရစ်ကြမ်းခင်းများ ပြန်လည်ပြုပြင်ခြင်းလုပ်ငန်း၊ သပြေကုန်းဈေးပတ်လည်နှင့် ပျံကျဈေးပတ် လည်ပျက်စီးနေသည့် ရေနုတ်မြောင်းအဖုံးများ လဲလှယ်တပ်ဆင်ခြင်း လုပ်ငန်းတို့ကို လိုက်လံကြည့်ရှု စစ်ဆေးပြီး လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရှိရသည်။

(သတင်းစဉ်)

No comments:

Post a Comment