ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တိုင်းရင်းဆေးကုဌာနတွင် ဝန်ထမ်းများ စိတ်အေးချမ်းသာစွာ နေထိုင်နိုင် ရေးအတွက် တိုင်းဒေသကြီးအစိုးရအဖွဲ့၏ ခွင့်ပြုရန်ပုံငွေဖြင့် အလျား(၈၈)ပေ ၊ အနံ (၃၀)ပေ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ တည်ဆောက်မှုလုပ်ငန်း ရာနှုန်းပြည့် ပြီးစီးသွားပြီဖြစ်ကြောင်း အဆိုပါ အဆောက်အဦအား တာဝန်ယူတည်ဆောက်သည့် မကွေးမြို့၊ ဆန်းသစ်အောင်လှိုင် ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ် ထံက သိရသည်။
ပွင့်ဖြူမြို့နယ် တိုင်းရင်းဆေးကုဌာနရုံးရှိ
ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်နိုင်ရေးအတွက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ် တိုင်းဒေသကြီးအစိုးရအဖွဲ့က
အလျား(၈၈)ပေ ၊ အနံ (၃၀) ပေ လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ တစ်ထပ် အဆောက်အဦ ဆောက်လုပ်ရန်အတွက်
ခွင့်ပြုရန်ပုံငွေကျပ် ၇၀ ဒသမ ၉၇ သန်း ခွင့်ပြုချထားပေးခဲ့ပြီး တင်ဒါစနစ်ဖြင့် မကွေးမြို့၊
ဆန်းသစ်အောင်လှိုင် ဆောက်လုပ်ရေးကုမ္ပဏီက ၂၀၂၀ ခုနှစ် ၊ ဧပြီလ(၂၃)ရက်နေ့တွင် စတင်တည်ဆောက်ခဲ့ရာ
ယခုအခါ ရာနှုန်းပြည့် တည်ဆောက်ပြီးစီးသွားပြီဖြစ်၍ ဝန်ထမ်းများ အဆင်ပြေစွာ နေထိုင်သွားနိုင်မည်ဖြစ်ကြောင်း
အဆိုပါ ဆန်းသစ်အောင်လှိုင် ဆောက်လုပ်ရေး ကုမ္ပဏီမှ တာဝန်ခံအင်ဂျင်နီယာ ဦးအောင်မြင့်မြတ်က
ပြောသည်။
ယနေ့ နံနက်ပိုင်းက မြို့နယ်တိုင်းရင်းဆေးကုဌာနရုံးတွင်
တည်ဆောက်ပြီးစီးသည့် လေးခန်းတွဲ ဝန်ထမ်းအိမ်ရာ အဆောက်အဦအား မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှု
ကော်မတီ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်မြတ်ခိုင်နှင့် အဖွဲ့ဝင်များက လုပ်ငန်းအရည်အသွေး
ပြည့်မီမှု ရှိ/မရှိ ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ဆောက်လုပ်ရေးကုမ္ပဏီမှ တာဝန်ရှိသူ များက
ဝန်ထမ်းအိမ်ရာအဆောက်အဦနှင့် ပတ်သက်ပြီး တည်ဆောက်ထားမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။
ထို့နောက် မြို့နယ်တည်ဆောက်ရေးလုပ်ငန်းကြီးကြပ်မှုကော်မတီ
ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက တည်ဆောက်ပြီးစီးသည့် ဝန်ထမ်းအိမ်ရာအဆောက်အဦအား ရေရှည်တည်တံ့
ကောင်းမွန်ရေး အတွက် ထိန်းသိမ်းစောင့်ရှောက်သွားရန် ဝန်ထမ်းများအား ဆွေးနွေးမှာကြားခဲ့သည်။
ရဲဝင်းနိုင် (ညောင်ဦး)

No comments:
Post a Comment