အမရပူရ စက်တင်ဘာ ၂
အမရပူရမြို့နယ်အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော ပြည်သူများအား မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဆန်များထောက်ပံ့ပေးအပ်ခြင်းကို လေးစုရပ်ကွက်၊ အထက(၁)ကျောင်း အမရ အောင်မြေခန်းမဆောင် တွင် ယနေ့ နံနက် ၁၀ နာရီအချိန်က ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါ ထောက်ပံ့ပေးအပ်မှုတွင် အိမ်ထောင်စုတစ်စုလျှင် ဆန်(၆)ပြည်နှုန်းဖြင့် မြို့နယ် အတွင်း နေထိုင်ကြသော အိမ်ထောင်စုပေါင်း (၄၉၄၆)စု၊ လူဦးရေ(၁၈၀၃၂)ဦး အတွက်ဆန် အိတ်(၁၂၃၆) အိတ်(၁၂)ပြည်ကို ထောက်ပံ့ပေးအပ်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ သံယံဇာတရေးရာ ဝန်ကြီးဦးမျိုးအောင်၊ လူမှုရေးရာဝန်ကြီးဦးယဉ်ထွေး၊ လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ရဲမှူး ချုပ်စိန်လွင်၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ဝင်းရွှေ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသီဟံစိုးနှင့် အဖွဲ့ဝင်များက တက်ရောက်ထောက်ပံ့ပေးအပ်ခဲ့ကြသည်။ ထောက်ပံ့ပေးအပ်ရာတွင် အထက(၁) တွင်ရပ်ကွက် ကျေးရွာအုပ်စု(၁၀)စုအတွက် အိမ်ထောင်စု(၂၃၅၄)စု ပေးအပ်ပြီး၊ ဥယာဉ်တော်ကျေးရွာ အုပ်စု ဓမ္မါရုံတွင် ကျေးရွာအုပ်စု(၁၂)အုပ်စုအတွင်းရှိ အိမ်ထောင်စု(၂၅၉၂) စုတို့အား ထောက်ပံ့ပေး အပ်ခဲ့ကြသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment