Thursday, September 2, 2021

ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့်ဖောင်ကြီး ကိုဗစ်-၁၉ရောဂါကုသဆေးရုံတို့တွင် တာဝန်ထမ်းဆောင်မည့် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကိုထောက်ပံ့ပစ္စည်းများပေးအပ်




ရန်ကုန်    စက်တင်ဘာ   

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ကြက်ခြေနီကြီးကြပ်ရေးကော်မတီကနေ ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဖောင်ကြီး ကိုဗစ်-၁၉ရောဂါကုသရေးဆေးရုံတို့တွင် အလှည့်ကျ  တာဝန်ထမ်းဆောင်နေကြသော ခရိုင်အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများပေးအပ်ခြင်းကို ဖောင်ကြီးပြည်သူ့ဝန်ထမ်းကျောင်း ကိုဗစ်-၁၉ရောဂါကုသရေးဆေးရုံ ကြက်ခြေနီသူနာပြုရုံးခန်း၌ ယနေ့ နံနက် ၉နာရီက ပြုလုပ်ခဲ့သည်။

ကျွန်တော်တို့ မြောက်ပိုင်းခရိုင်ကြက်ခြေနီကြီးကြပ်ရေးကော်မတီအနေဖြင့် လတ်တလော ဖြစ်ပွားနေသည့် ကိုဗစ်-၁၉ရောဂါ ကူးဆက်နေသူများကို ကုသပေးနေသည့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးနှင့် ဖောင်ကြီး ကိုဗစ်-၁၉ရောဂါကုသရေးဆေးရုံတို့တွင် နေ့မအား ညမနား ပြည်သူများအား စောင့်ရှောက်မှုပေးနေသည့် ကျန်းမာရေးဝန်ထမ်းများကို ကူညီရန်နှင့် တပ်ဖွဲ့ဝင်များ ရှေးဦးပြုစုခြင်းနှင့် ကုသရေးပညာများရရှိစေရန်ရည်ရွယ်၍ မြောက်ပိုင်းခရိုင် အတွင်းရှိ မြို့နယ်များမှ ကြက်ခြေနီသူနာပြုတပ်ဖွဲ့ဝင်များကို တစ်လလျှင်တစ်ကြိမ်စီ အလှည့်ကြတာဝန်ထမ်းဆောင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိရာ ယခုလမှာ တာဝန်ကျသည့် မှော်ဘီမြို့နယ်မှ သူနာပြုတပ်ဖွဲ့ဝင်(၃)ဦး၊ တိုက်ကြီးမြို့နယ်မှ သူနာပြုတပ်ဖွဲ့ဝင်(၃)ဦးတို့ကို တာဝန်ထမ်းဆောင်နေစဉ် အထောက်အပံ့ဖြစ်စေရန် ဆန်နှင့်အခြေခံစားသောက်ကုန် ပစ္စည်းများကို ထောက်ပံ့ပေးခြင်းဖြစ်ပါတယ် ဟု မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေဆန်းက ပြောကြားသည်။

ဆန်နှင့်အခြေခံစားသောက်ကုန်ပစ္စည်းများ ပေးအပ်ရာတွင် ရန်ကုန်မြောက်ပိုင်းခရိုင် ကြက်ခြေနီကြီးကြပ်ရေး ကော်မတီ ဥက္ကဋ္ဌ ဦးနေဆန်း၊ ခရိုင်ကြက်ခြေနီတပ်ဖွဲ့မှူးထိန်လင်း၊ ဒုခရိုင်မှူးအောင်ကိုဝင်းတို့က ဂုဏ်ပြုအမှာစကားပြောကြားပြီး ထောက်ပံပစ္စည်းများဖြစ်သည့် (၁၆) ပြည်ပါ ဆန်တစ်အိတ်စီနှင့် အသင့်စားနိုင်သည့် ယမ်ယမ်ခေါက်ဆွဲတို့ကို ပေးအပ်ခဲ့သည်။

ယင်းနောက် တစ်လကြာတာဝန်ထမ်းဆောင်ပြီး မိခင်ဌာနသို့ ပြန်လာကြသည့် ကြက်ခြေနီ သူနာပြုတပ်ဖွဲ့ဝင်များကိုလည်း ဂုဏ်ပြုလက်ဆောင်ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး မိမိမြို့နယ်များအတွင်း ကိုဗစ်-၁၉ရောဂါနှင့်ပတ်သက်၍ ပြည်သူများကို မိသားစုဝင်များလို ကူညီပြုစုစောင့်ရှောက်နေကြသည့် အင်းစိန်မြို့နယ် ကြက်ခြေနီသူနာပြု တပ်ဖွဲ့နှင့် လှိုင်သာယာမြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့တို့ကို (၁၆) ပြည်ပါ ဆန်တစ်အိတ်နှင့် ဓါတ်ဆားထုပ် တစ်ဖာတို့ကို ဂုဏ်ပြုလက်ဆောင်ပေးခဲ့ကြောင်း သိရသည်။

မျိုးသန့်(ပြန်/ဆက်)


No comments:

Post a Comment