Saturday, September 11, 2021

ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ထီးခီးနယ်စပ်ကုန်သွယ်ရေးစခန်းမှ တဆင့်နေရပ်ပြန်မြန်မာရွှေ့ပြောင်း အလုပ်သမားများ ပြန်လည်ဝင်ရောက်လျက်ရှိ

 

 မေတ္တာ  စက်တင်ဘာ  ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့တွင် ယမန်နေ့ ည ၈ နာရီအချိန်က ထီးခီးနယ်စပ် ကုန်သွယ်ရေးစခန်းမှတဆင့် နေရပ်ပြန်မြန်မာရွှေ့ပြောင်းအလုပ်သမားများ ပြန်လည်ဝင်ရောက် လာကြောင်း သိရသည်။

 အဆိုပါအလုပ်သမားများသည် ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူများ ဖြစ်ပြီး ပြန်လည် လွတ်မြောက်လာသူဖြစ်ကြောင်း ယနေ့ စက်တင်ဘာလ၁၀ရက်နေ့က ထိုင်းနိုင်ငံကန်ချနာဘူရီခရိုင် လူဝင်မှုကြီးကြပ်ရေးဌာန၊ ဒုတိယပြည်နယ်မှူး  Mr-Sucha Sannam က ထီးခီးနယ် စပ်ကုန်သွယ်ရေး စခန်းတွင် လာရောက်လွှဲပြောင်းပေးရာ တာဝန်ရှိသူများ က ကိုဗစ်-၁၉-ရောဂါကာကွယ် ရေးစည်းကမ်း ချက်များနှင့်အညီ ပြန်လည်လက်ခံခဲ့ကြောင်း မြို့အုပ်ချုပ်ရေးမှူး ဦးသူရထွန်းထံမှ သိရသည်။

အဆိုပါဝင်ရောက်လာသူများသည် အမျိုးသား ၈၈ဦး နှင့်အမျိုးသမီး ၆၆ဦး၊ စုစုပေါင်း၁၅၄ ဦး တို့ဖြစ်ပြီး ရာသီဥတုအခြေအနေအရ မေတ္တာမြို့မိုးလုံလေလုံခန်းမ၌ တစ်ညအိပ်ရပ်နားစေပြီး စက်တင်ဘာလ၁၁ရက် နေ့တွင် ထားဝယ်မြို့ Quarantine Centre သို့ဆက်လက်ပို့ဆောင်ပြီး အသွားအလာကန့်သတ်ထားရှိသွား မည် ဖြစ်ကြောင်းသိရသည်။

မေတ္တာ(ပြန်/ဆက်)

No comments:

Post a Comment