မော်လမြိုင် စက်တင်ဘာ ၁၁
မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အောင်ဆန်းခန်းမ၌ Video Conferencing စနစ်ဖြင့် ကျင်းပသည့် မွန်ပြည်နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မွန်ပြည်နယ်အတွင်း ကိုဗစ်- ၁၉ရောဂါ ကူးစက်မှုနှုန်း ကျဆင်းလာသော်လည်း နယ်ဒေသများတွင် ရောဂါကူးစက်မှု များ ရှိသေးကြောင်း၊ လူစု၊ လူဝေးများသည့် နေရာများ၌ RTD Test kit ဖြင့် စစ်ဆေးပေးလျက်ရှိရာ ၅ ရာခိုင်နှုန်းမှ ၁၀ ရာခိုင်နှုန်းထိ ကူးစက် မှုရှိသေး ကြောင်း၊ အထူးကြပ်မတ်ကုသဆောင်နှင့် ဆေးရုံများအဆင့်မြင့်တင်ပေးရန် လိုအပ်ကြောင်း၊အောက်ဆီဂျင်စက်ရုံများအား စက်မှုကြီးကြပ်ရေးနှင့် စစ်ဆေးရေးဦးစီးဌာနတွင် လူသုံး၊ စက်မှုသုံး ခွဲခြားမှတ်ပုံတင်ထားရှိရန် လိုအပ်ကြောင်း၊ ကျန်းမာရေး အသိပညာပေး လုပ်ငန်းများကိုလည်း ထိရောက်စွာ ကြပ်မတ်ဆောင်ရွက်ပေးစေလိုကြောင်း ပြောကြားသည်။
ထို့နောက် မွန်ပြည်နယ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး ကော်မတီ အဖွဲ့ဝင်များမှ ဆွေးနွေးတင်ပြကြပြီး ဌာနဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်း ဆောင်ရွက်မှုနှင့် ပတ်သက်၍ Online Meeting ဖြင့် ရှင်းလင်း တင်ပြမှု အပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းပေးသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် မော်လမြိုင်မြို့ ရွှေနတ်တောင် ရေသန့်စင် စက်ရုံဝင်းအတွင်း အောက်ဆီဂျင်စက် ရောက်ရှိ တပ်ဆင်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး အဆိုပါ အောက်ဆီဂျင်စက်သည် မွန်ပြည်နယ်အစိုးရအဖွဲ့ ရန်ပုံငွေကျပ်(၅၉၄.ဝ)သန်းဖြင့်တန်၂၀ဆံ့ အောက်ဆီဂျင် (အရည် )(400 Nm³/hr Oxygen Generator)၊ Oxygen Plant (50 Nm³/hr Oxygen Generator) ၊ Oxygen Plant (20 Nm³/hr Oxygen Generator )စုစုပေါင်း စက်သုံးလုံးဖြင့် လည်ပတ်မည်ဖြစ်ရာ လိုအပ်မည့်အောက်ဆီဂျင်ပမာဏကို လုံလောက်စွာဖြည့်ဆည်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
မွန်ပြည်နယ်ဝန်ကြီးချုပ် ကိုဗစ်- ၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးတက်ရောက်ခြင်းနှင့် ရွှေနတ်တောင် အောက်ဆီဂျင်စက် တပ်ဆင်နေမှုကြည့်ရှုစစ်ဆေး

No comments:
Post a Comment