ပုလဲ စက်တင်ဘာ ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ပုလဲမြို့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပုလဲရတနာခန်းမ၌ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်နှင့် ဌာဆိုင်ရာ တာဝန်ရှိသူများ၊ ရပ်မိရပ်ဖများ၊ လူမှုရေးအသင်းအဖွဲ့များ၏ တွေ့ဆုံပွဲကို စက်တင်ဘာ ၂ ရက်၊ နံနက် ၉ နာရီ ၄၅ မိနစ်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ်ဖြိုးသန့်က အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးရဲအောင်က ဒေသဆိုင်ရာ အချက်အလက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူး
သိန်းဇော်ထွန်းက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ရှင်းလင်းတင်ပြခဲ့ပြီး ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ
မှတာဝန်ရှိသူများနှင့်ရပ်မိရပ်ဖများက သက်ဆိုင်သည့် လုပ်ငန်းကဏ္ဍအလိုက် ဆောင်ရွက်နေမှုများနှင့်လုပ်ငန်း
လိုအပ်ချက်များကို ရှင်းလင်းတင်ပြခဲ့သည်။
ထိုနောက် အနောက်မြောက်တိုင်းစစ်ဌာနချုပ်
တိုင်းမှူး ဗိုလ်မှူးချုပ် ဖြိုးသန့်က ဌာနဆိုင်ရာတာဝန်ရှိသူများ၊
လူမှုရေးအသင်းအဖွဲ့များနှင့် ရပ်မိရပ်ဖများ၏ ရှင်းလင်း တင်ပြချက်များအပေါ် လုပ်ငန်းလိုအပ်ချက်များနှင့် ပတ်သက်၍ ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်း
ဆောင်ရွက်ပေးမည့် လုပ်ငန်းအစီအမံများကို ဆွေးနွေးခဲ့ပြီး မြို့နယ် ပြည်သူ့ကျန်းမာရေး ဦးစီးဌာန
ဝန်ထမ်းများအတွက် ပါးစပ်၊ နှာခေါင်းစည်း(Mask)များနှင့် စားသောက်ဖွယ်ရာ များကို ထောက်ပံ့ပေးအပ်ရာ
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူးဦးရဲအောင် နှင့်မြို့နယ်
ပြည်သူ့ကျန်းမာရေးဦးစီးဌာန သူနာပြုဆရာမကြီး ဒေါ်ခင်နွဲ့အေးက လက်ခံရယူခဲ့ကြောင်း သိရသည်။
မင်းခန့်စိုး(ဇေယျာမြေ)
No comments:
Post a Comment