ကျောက်ပန်းတောင်း စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် စက်တင်ဘာ(၂)ရက်နေ့ နံနက်(၃)နာရီမှ နံနက်(၆) နာရီ (၁၅) မိနစ်ခန့်အထိ၊ မိုးသည်ထန်စွာရွာသွန်းမှုကြောင့် ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုံကမ်းကျေးရွာနှင့် ညောင်ဖြူပင်ကျေးရွာဆက် သွယ်သည့် သစ်သားတံတား အရှည်(၁၀၀ပေ×၁၂ပေ)မှာ ချောင်းရေဖြင့်မျောပါ ပျက်စီးခဲ့ပြီး စပါးခင်းဧက (၃၀)ခန့် ချောင်းရေတိုက်စားပျက်စီးခဲ့ ကြောင်းသိရသည်။
လက်ရှိအခြေအနေတွင် ချောင်းရေကျဆင်းသွားပြီဖြစ်သဖြင့်၊
တံတားမျောပါသွားခဲ့သော်လည်း မော်တော်ယာဉ်များမှ အပ၊ လူနှင့် ဆိုင်ကယ်များ ဖြတ်သန်းသွားလာနိုင်ပြီး၊
အဆိုပါ ချောင်းရေတိုက်စားမှုကြောင့် လူနှင့်တိရစ္ဆာန် ထိခိုက်သေဆုံးမှု မရှိကြောင်းသိရသည်။
အခင်ဖြစ်ကျေးရွာများသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းလွင်နှင့်အဖွဲ့မှ
ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်၍ ပျက်စီးစပါးခင်းများ
အခြေအနေနှင့်ပတ်သက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ လိုအပ်သလိုကွင်းဆင်း စိစစ်နိုင်ရန်
စီစဉ်ဆောင်ရွက်ခဲ့ပေးကြောင်းသိရသည်။
နေအောင်(ပြန်/ဆက်)
No comments:
Post a Comment