Wednesday, September 8, 2021

မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်များလဲကျပြီး မြေပြိုကျမှုများဖြစ်ပေါ်ခဲ့သည့် တောင်ကြီး မြို့နယ်၊ တောင်ကြီး-ရွှေညောင်သွားကားလမ်း၌ လမ်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်

 



နေပြည်တော်၊ စက်တင်ဘာ ၈

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့နယ်အတွင်း ယနေ့နေ့လယ်ပိုင်းတွင် မိုးသည်း ထန်စွာ ရွာသွန်းမှုကြောင့် တောင်ကြီး-ရွှေညောင်သွားကားလမ်း၊ မိုင်တိုင် အမှတ်(၁၁၂ / ၂ )တွင် သစ်ပင်ကြီး များလဲကျခဲ့ပြီး မိုင်တိုင်အမှတ် (၁၁၁/ ၅)တွင် တောင်ကမ်းပါးယံရှိ မြေကြီးများပြိုကျ ခဲ့သဖြင့် လမ်းပိတ်ဆို့ခြင်း များ ဖြစ်ပေါ်ခဲ့သည်။

 အဆိုပါ လမ်းပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့သည့် နေရာများ၌ အရှေ့ပိုင်းတိုင်းစစ်ဌာန ချုပ်မှ နယ်မြေခံ တပ်မတော်သားများ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် လမ်းဦးစီးဌာနမှ တာဝန်ရှိသူများက စက်ယန္တရားများအသုံးပြု၍ ပိတ်ဆို့နေသည့် သစ်ပင်များအား ခုတ်ထွင်ရှင်းလင်းခြင်း၊ ပြိုကျခဲ့သော မြေသားများအား ရှင်းလင်းဖယ်ရှားခြင်းတို့ကို ဆောင်ရွက်ပေးခဲ့သဖြင့် အများ ပြည်သူများ ပုံမှန်အတိုင်း သွားလာနိုင်ပြီးဖြစ်ကြောင်း သတင်းရရှိသည်။

သတင်းစဉ်

No comments:

Post a Comment