Wednesday, September 8, 2021

ဘုန်းတော်ကြီးကျောင်းများ၊ သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများ၌ ဆွမ်းဆန်တော် ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းနှင့် ကျန်းမာရေးစစ်ဆေးပေး ခြင်းများဆောင်ရွက်

 


နေပြည်တော် စက်တင်ဘာ ၈

 တပ်မတော်(ကြည်း၊ရေ၊လေ) အရာရှိ၊ စစ်သည်၊ အရာထမ်း၊ အမှုထမ်းများနှင့် စေတနာ ရှင်အလှူရှင် များက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်နေသည့် ကာလအတွင်း ဆွမ်းကိစ္စရပ်များ အဆင်ပြေစေရန် ရည်ရွယ်၍ မြို့နယ်အသီးသီးရှိ ဘုန်းတော်ကြီး ကျောင်းများ၊ သာသနာနွယ်ဝင် သီလရှင်ကျောင်းများနှင့် ဘာသာရေးကျောင်းများတွင် ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုးနှင့် လှူဖွယ်ပစ္စည်းများလှူဒါန်းခြင်း၊ နေ့ဆွမ်းများ ဆက်ကပ်လှူ ဒါန်းခြင်းနှင့် ကျန်းမာရေး စစ်ဆေးပေးခြင်းများကို ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့တွင် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့ရှိ ဇေတဝန် ပရိယတ္တိကမ္မဋ္ဌာန်းကျောင်းတိုက်၊ ဓမ္မရက္ခိတသီလရှင်စာသင်တိုက်၊ ကရင် ပြည်နယ်၊ လှိုင်းဘွဲမြို့၊ မြို့မပရိယတ္တိစာသင်တိုက်၊ ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံ မြို့နယ်၊ ပလရ ရပ်ကွက်ရှိ စိတ္တသုခတပ်ဦးကျောင်းတိုက်နှင့် မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ အနောက်ခင်မ ကန်တိုက်ကျောင်းတို့ရှိ ဆရာတော်၊ သံဃာ တော်များနှင့် သာသနာနွယ်ဝင် သီလရှင်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ အမယ်(၄)မျိုး၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးအထောက်အကူပြု ပစ္စည်းများနှင့် လှူဖွယ်ပစ္စည်းများကို သက်ဆိုင်ရာ တိုင်းစစ်ဌာနချုပ်များမှ တိုင်းမှူးများနှင့် တာဝန်ရှိသူများက သွားရောက်ဆက်ကပ်လှူဒါန်းကြသည်။

ထို့အပြင် ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးမြို့ရှိ မေတ္တာရောင်ခြည်မဟာစည် သာသနာ့ ရိပ်သာနှင့် သဲအင်းဂူကျောင်းတိုက်များရှိ သံဃာတော်များအား အရှေ့မြောက်တိုင်းစစ်ဌာနချုပ်၊ နယ်မြေခံဆေး အဖွဲ့များက မြို့နယ်ကျန်းမာရေးဦးစီးဌာန ကျန်းမာရေးဝန်ထမ်းများနှင့် ပူးပေါင်း၍ ယနေ့ နံနက်ပိုင်း တွင် ကိုဗစ်-၁၉ ရောဂါပိုး ရှိ/မရှိ စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးသည်။ ၎င်းအပြင် ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ ဇေတဝန်ပရိယတ္တိ ကမ္မဋ္ဌာန်းကျောင်းတိုက်ရှိ သံဃာတော် များအား တြိဂံဒေသတိုင်းစစ်ဌာနချုပ်၊ နယ်မြေခံ ဆေးအဖွဲ့က လိုအပ်သည့်ကျန်းမာရေး စစ်ဆေးပေးခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။ 

သတင်းစဉ်

No comments:

Post a Comment