နေပြည်တော်၊ စက်တင်ဘာ ၈
ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကရုဏာ လမ်းဆုံ၌ စက်တင်ဘာ ၇ ရက် ညနေပိုင်းတွင် လက်လုပ်မိုင်း ပစ်ခတ်ဖောက်ခွဲသူ ၂ ဦးအား အကြမ်းဖက်မှုကို မလိုလားသည့် ပြည်သူများက ဝိုင်းဝန်း ဖမ်းဆီးခဲ့ကြောင်း သိရှိရသည်။
ဖြစ်စဉ်မှာ မြောက်ဥက္ကလာပမြို့နယ်၊ (ဋ)ရပ်ကွက်၊ သုနန္ဒာလမ်းနှင့် ကရုဏာ လမ်းဆုံနေရာအား စက်တင်ဘာ ၇ ရက် ညနေ ၆ နာရီခွဲခန့်တွင် အကြမ်းဖက် သူ ၂ ဦး ဆိုင်ကယ်ဖြင့်ရောက်ရှိလာပြီး လက်လုပ်မိုင်းဖြင့် ပစ်ခတ်ဖောက်ခွဲကာ မောင်းနှင်ထွက်ပြေးခဲ့သဖြင့် အကြမ်းဖက်မှုကို မလိုလား သည့် ပြည်သူများနှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တရားခံများဖြစ်သည့် သိန်းဇော်(ခ)ပါကျဲ (ဘ)ဦးမြင့်ဦးနှင့် ရဲမြင့်အောင်(ဘ)ဦးသက်မျိုး တို့ ၂ ဦးကို ဖမ်းဆီးထိန်း သိမ်းနိုင် ခဲ့သည်။
အဆိုပါ လက်လုပ်မိုင်းပေါက်ကွဲမှုကြောင့် လူနှင့်အဆောက်အဦများ ထိခိုက်ပျက်စီးမှုမရှိကြောင်းနှင့် ဖမ်းဆီးရမိသူများအား ဥပဒေအရထိရောက်စွာ အရေးယူနိုင်ရေး လိုအပ်သည် များဆက်လက်ဆောင် ရွက်လျက်ရှိပြီး လုံခြုံရေးတပ်ဖွဲ့ဝင်များက မြို့တွင်းလုံခြုံရေးအား တိုးမြှင့်ဆောင်ရွက်လျက်ရှိ ကြောင်း သတင်းရရှိသည်။
သတင်းစဉ်
No comments:
Post a Comment