ရပ်စောက် စက်တင်ဘာ ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ် ဥပဒေချုပ်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ်(၁၂)နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း) ရွှေညောင် ရပ်စောက်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းအား ကွင်းဆင်းကြည့်ရှုစစ်ဆေးရာ ရွှေညောင်-အင်တော-ကျောက်ဂူ-တောင်ခမ်း-နောင်ချိုလမ်းမိုင် အရှည်မိုင်(၁၁၄/၂.၅-၁၄၃/၇.၅=၂၉မိုင်၅ဖာလုံ) လမ်းအကျယ ်(၁၈)ပေ (၁၈/၅) မိုင်+၁၁၀´နှင့်၁၂´အကျယ် (၁၀/၇)မိုင်+၅၅၀´လမ်းများကို၂၀၂၀-၂ ၂၀၂၁ ဘဏ္ဍရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ဘဏ္ဍရေးနှစ် ပြည်ထောင်စု/ပြည်နယ်ငွေလုံး၊ ငွေရင်းနှင့်ပြင်ဆင်ထိန်းသိမ်းခြင်း ရန်ပုံငွေဖြင့်ဆောင်ရွက်သည့် လုပ်ငန်းများကို ရှမ်းပြည်နယ်(တောင်ပိုင်း) လမ်းဦးစီးဌာနညွှန်ကြားရေးမှူး ဦးသူရဇော်မှ ရှင်းလင်းပြီး ရှမ်းပြည်နယ် (မြောက်ပိုင်း) ကျောက်မဲခရိုင်၊ သီပေါမြို့နယ်ရှိ လွိုင်လင်-ပန်ကေတု- သီပေါ(ခိုလုံ)လမ်း၊ (မန်လီ-ခိုလုံအထိ) လမ်းမိုင် အရှည်မိုင် (၁၀၂/၂-၁၄၉/၂ = ၄၇မိုင်၀ဖာလုံ၊ လမ်းအကျယ်၂၃´ အကျယ်(၅/၇မိုင်၊ ၁၈´ အကျယ် (၈/၃)မိုင် ၁၂´အကျယ် (၃၂/၆)မိုင်၊ လမ်းသားမှာကတ္တရာလမ်း ၂၀၂၀-၂၀၂၁ခုနှစ် ဆောင်ရွက်ပြီးစီးမှုနှင့် ၂၀၂၁-၂၀၂၂ခုနှစ် (Mini)လျာထား ချက်များ ပန်ညု-ဆောင်ကြဲ-မိုင်းရယ်လမ်း မိုင်(၄၇မိုင်၄ဖာလုံ) လမ်းသား အခြေအနေ နှင့်အကျယ်မှာ ၁၈´ အကျယ် ကတ္တရာလမ်း(၁၃/၅.၅ မိုင်)၁၂´ အကျယ်ကတ္တရာလမ်း(၃၃/၆.၅)မိုင်၊ ကျောက်မဲ ခရိုင် သီပေါမြို့ နယ်အပိုင်း(၂၉/၄)မိုင်၊ လားရှိုးခရိုင်၊ မိုင်းရယ် မြို့နယ်အပိုင်း(၁၈)မိုင် ဆောင်ရွက်နေမှုတို့ကို ရှမ်းပြည်နယ် (မြောက်ပိုင်း)လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးကျော်ကျော်ဝင်းတို့မှ ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက လိုအပ်သည်များ ဖြည့်စွက်မှာကြား ခဲ့ကြောင်းသိရသည်။
ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူတို့သည် နောင်ချိုမြို့နယ် လုံရုံးကျေးရွာရှိသဖန်းကိုင် ပရဟိတအကယ်ဒမီ ဝိပဿနာဓမ္မရိပ်သာတွင် ဆရာတော်အား သွားရောက် ဖူးမျှော်ကာ လှူဖွယ်ပစ္စည်းနှင့်အလှူငွေ ကျပ်(၁၀)သိန်းပေးအပ်လှူဒါန်းခဲ့ပြီး ငွေရည်ပုလဲမိုင်းနင်း ကုမ္ပဏီမှ Crown ဘိလပ်မြေစက်ရုံအားသွားရောက် ကြည့်ရှုရာရှင်းလင်းဆောင်ခန်းမ၌ ငွေရည်ပုလဲ ကုမ္မဏီအမှုဆောင် ဒါရိုက်တာ ဦးစိန်မျိုးအောင်မှ ဘိလပ်မြေစက်ရုံ၊ သကြားစက်ရုံတို့နှင့် ပတ်သက်သည့် အချက်အလက်များအား ရှင်းလင်းရာ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက နိုင်ငံတော်ဝန်ကြီးချုပ်၏ လမ်းညွှန်မှာကြားချက်အတိုင်း ဘိလပ်မြေများ နိုင်ငံခြားကိုမှာယူသုံးစွဲမှု မျိုးမရှိရအောင် မိမိဒေသတွင်လိလပ်မြေများကို အင်ပြည့်အားပြည့် ထုတ်လုပ်ပေးနိုင်ကြရန် နှင့် ကုန်စည်မျသယ်ယူပို့ဆောင်ရာ တွင် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်အောင် လမ်းများကို လည်း ဆောင်ရွက်ပေးနေကြောင်း ဖြည့်စွက်ပြေားကြားသွားပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူတို့ သည် ဘိလပ်မြေစက်ရုံအတွင်းနှင့် တစ်ရက်တန်(၁၂၀၀၀)ကြိတ်ဝါးနိုင်မည် အမှတ်(၃)သကြား စက်ရုံ တည်ဆောက်နေမှု တို့ကို လှည့်လည်ကြည့်ရှုကြ ကြောင်းသိရသည်။
အဆိုပါ ငွေရည်ပုလဲကုမ္ပဏီမှထုတ်လုပ်သော ဘိလပ်မြေမှာတစ်ရက်တန် ချိန်(၁၀၀၀)+(၄၀၀၀)တန် (၅၀၀၀) ထွက်ရှိပြီး အထက်မြန်ပြည်အနှံ ဖြန့်ချိကြောင်းနှင့်သကြားစက်ရုံတွင် တစ်ရက်တန်(၁၀၀၀)ကြိတ်ဝါး၍ ထွက်ရှိ လာသော သဘာဝဓါတ်မြေသြဇာများကိုလည်း နောင်ချိုမြို့ဒေသခံပြည်သူများအား ပြန်လည်ဖြန့်ချီရောင်းချ ပေး လျက်ရှိပြီး ဘိလပ်မြေစက်ရုံမှလျှပ်စစ်ဓါတ်အား(၆၀)မဂ္ဂဝပ်ထွက်ရှိကြောင်းလည်းသိရသည်။
မောင်မောင်သန်း(တောင်ကြီး)
No comments:
Post a Comment