နောင်ချို စက်တင်ဘာ ၉
ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့် အဖွဲ့ဝင်များသည် နောင်ချိုမြို့ သဖန်းကိုင်းပရဟိတ လူမှုကူညီရေးအသင်းသို့ ယမန် နေ့လယ် ၁ နာရီအချိန်က ရောက်ရှိကာ ကိုဗစ် -၁၉ရောဂါကုသရေး စင်တာအတွက် အလှူငွေများနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်းခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီထံမှ သိရသည်။
ရှေးဦးစွာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သဖန်းကိုင်းပရဟတလူမှုကူညီရေး အသင်း ကိုဗစ်-၁၉ရောဂါကုသရေး စင်တာတွင် လူနာများအား ကုသဆောင်ရွက်နေမှု အခြေအနေများကို ကျန်းမာရေးဆိုင်ရာ ညွှန်ကြားချက်နှင့်အညီ ကြည့်ရှုစစ်ဆေးခဲ့ပြီး ဝန်ကြီးချုပ် နှင့် အဖွဲ့ ဝင်များက ကုသရေးစင်တာတွင် အသုံးပြုရန် အလှူငွေ ကျပ် ၁၀ သိန်း နှင့်လှူဖွယ်ပစ္စည်းများကို ဆပ်ကပ် လှူဒါန်းခဲ့ရာ သဖန်းကိုင်းပရဟိတ ဆရာတော်နှင့် သဖန်းကိုင်းပရဟိတလူမှု ကူညီရေးအသင်းဥက္ကဋ္ဌ ဦးရှိုင်း ဇာနည်တို့က လက်ခံရယူခဲ့ကြောင်း မြို့နယ်ကိုဗစ်-၁၉ရောဂါ ထိန်းချုပ် ကာကွယ်ရေးနှင့်အရေးပေါ် တုန့် ပြန်ရေး ကော်မတီထံမှ သိရသည်။
ထွေးငယ်
No comments:
Post a Comment