Saturday, September 11, 2021

ကယားပြည်နယ်၀န်ကြီးချုပ် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် ပြည်နယ် အစိုးရအဖွဲ့မှလှူဒါန်းသည့် အောက်ဆီဂျင်စက်မှ အောက်ဆီဂျင်ထုတ်လုပ်နေမှု အခြေအနေအား သွားရောက်စစ်ဆေးကြည့်ရှု

 




လွိုင်ကော် စက်တင်ဘာ ၁၁

ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ကယားပြည်နယ်အစိုးရအဖွဲ့၏ လှူဒါန်း ထောက်ပံ့ငွေဖြင့် လွိုင်ကော်ပြည်သူ့ဆေးရုံကြီးတွင် တည်ဆောက်ထားသည့် အောက်ဆီဂျင်စက် 25 m3/h မှ တစ်နေ့လျှင်အောက်ဆီဂျင် လီတာ (၄၀) အိုး ၊ အလုံး (၁၀၀) ထုတ်လုပ်နေမှု အခြေအနေအား ယနေ့ နံနက် ၉ နာရီ အချိန်က သွားရောက်စစ်ဆေးကြည့်ရှုခဲ့သည်။

ထိုသို့စစ်ဆေးရာတွင် ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်၀န်ကြီးချုပ် ဦးခင်မောင်ဦး၊ ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (လွိုင်ကော်) ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ် ထွန်းနိုင်ဦး၊ ပြည်နယ်အစိုးရ အဖွဲ့၀င်၀န်ကြီးများ ၊ ပြည်နယ်အစိုးရ အဖွဲ့ အတွင်းရေးမှူးနှင့် တာ၀န်ရှိသူများက အောက်ဆီဂျင် စက်လည်ပတ်မှု အခြေအနေ ၊ထုတ်လုပ်နိုင်မှု ပမာဏာများနှင့် ပတ်သက်သည့်အခြေအနေများ အား မေးမြန်းခဲ့ရာ ပြည်နယ်စက်မှုကြီးကြပ်မှ တာ၀န်ရှိသူက ရှင်းလင်း တင်ပြ ခဲ့သည်။ ထို့နောက် ပြည်နယ်၀န်ကြီးချုပ်နှင့် တာ၀န်ရှိတို့က အောက်ဆီဂျင်စက် လည်ပတ်နေမှု ၊ ထုတ််လုပ်နေမှု အခြေအနေ၊ အောက်ဆီဂျင်အိုးထားရှိသည့် နေရာများအား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကယားပြည်နယ်တွင် လွိုင်ကော်ပြည်သူ့ဆေးရုံကြီး၌ အောက်ဆီဂျင်စက် PSA Oxygen generation system ဖြင့် 25 m3/h ၊ တစ်နေ့လျှင် လီတာ (၄၀) အိုး ၊ အလုံး (၁၀၀) ထုတ်လုပ်ပေးနိုင်မည်ဖြစ်ပြီး ကယားပြည်နယ်အတွင်းရှိ ပြည်သူများ၏ကျန်းမာရေးအတွက်အောက်စီဂျင်လိုအပ်ချက်များကို ဖြည့်တင်းနိုင်မည်ဖြစ်သည်။ ထပ်မံ၍ အောက်ဆီဂျင်စက် PSA Oxygen generation system ဖြင့် 50 m3/h ၊ တစ်နေ့လျှင် လီတာ (၄၀) အိုး ၊ အလုံး (၂၀၀) ထုတ်လုပ်နိုင်မည့် စက်ကိုလည်း ပြည်နယ်အစိုးရ က တပ်ဆင်ပေးသွား မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ အောက်ဆီဂျင်ထုတ်လုပ် စက်များတပ်ဆင်ပြီးစီးသွားပါက ကယား ပြည်နယ် အတွင်းတွင် ပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါအပါအဝင် အခြား ကျန်းမာရေးဆိုင်ရာစောင့်ရှောက်မှုများအတွက် အောက်ဆီဂျင် လိုအပ်ချက်များကို ပြည့်ဝစွာ ထုတ်လုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်း သိရှိရသည်။

 

No comments:

Post a Comment