သီပေါ စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အလှူငွေနှင့်ပစ္စည်းများ ပေးအပ်ပွဲ အခမ်းအနားကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ရှမ်းပြည်နယ် ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းနှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာ ဝန်ကြီးဗိုလ်မှူးကြီးလှဦး၊ လူမှုရေးဝန်ကြီး ဦးအောင်မြင့်နှင့် လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ရဲမှူးချုပ်တင်ကိုကို တို့တက်ရောက် ချီးမြှင့်ခဲ့ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အခမ်းအနားတွင် ရှမ်းပြည်နယ်အစိုးအရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက မြို့နယ်တာဝန်ရှိသူများ အနေဖြင့်ကိုဗစ်-၁၉ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေးလုပ်ငန်းများကို အားလုံး ဝိုင်းဝန်းပူးပေါင်း၍ အရှိန်အဟုန်မပျက် ဆောင်ရွက်ရန်စသည်ဖြင့် အမှာစကားပြောကြားခဲ့ပြီးနောက် ရှမ်းပြည်နယ် အစိုးရအဖွဲ့ ရှမ်းပြည်နယ်ဝန်ကြီးချုပ်နှင့် ဝန်ကြီးများက မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွက်ထောက်ပံ့ငွေကျပ်(၁၀)သိန်း ၊ ပါးစပ်နှာခေါင်းစည်း (Mask)(၁၀၀၀၀)ခု၊ Surgical grown(၂၀၀)ခု၊Surgal Cap (၂၀၀)ခု၊Hand Gel(၅၀)ဘူးတို့ကို အသီးသီး ပေးခဲ့အပ်ရာ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ် တုန့်ပြန်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်စိုးဝင်းနှင့် ကော်မတီဝင်များက လက်ခံရယူခဲ့ကြသည်။
ဆက်လက်၍ မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ အတွင်းရေးမှူး ဒေါက်တာမျိုးအောင်က ကျေးဇူးတင်စကားပြန်လည်ပြောကြားခဲ့ပြီး မြို့နယ်အတွင်း ကိုဗစ်- ၁၉ရောဂါနှင့် ပတ်သက်၍ ဆောင်ရွက်နေမှု အခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
ခင်လေး(သီပေါ၊ပြန်/ဆက်)
No comments:
Post a Comment