ပခုက္ကူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ယမန်နေ့ မွန်းလွဲ ၂နာရီအချိန်က ပခုက္ကူမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားဆောင်ရွက်ပေးနေမှုနှင့် အောက်ဆီဂျင်စက်ထားမည့် အဆောက် အအုံဆောက်လုပ်နေမှုများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။
ပထမဦးစွာ မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်သည် ပခုက္ကူခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းလှိုင် နှင့်ခရိုင်နှင့်မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါပြီး မွန်းလွဲ ၂နာရီအချိန်က ပခုက္ကူမြို့၊ ပြည်သာယာ ခန်းမ၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာ မြို့နယ်ဦးစီးမှူးရုံးမှ "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေး ကတ်ပြားများဆောင်ရွက်ပေးနေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးပြီး နိုင်ငံသားတိုင်း အိမ်ထောင်စု လူဦးရေစာရင်း နှင့်နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားရှိရေး၊ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်ထားခြင်း မရှိသူများအနေဖြင့် တွေ့ကြုံနိုင်သည့် အခက်အခဲ၊ပြဿနာများအကြောင်းတို့ကိုရှင်းလင်းပြောကြားသည်။ ထို့နောက် "ပန်းခင်း"စီမံချက်ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများဆောင်ရွက်ပေးနေသည့် ဝန်ထမ်း များက အဆိုပါလုပ်ငန်းများဆောင်ရွက်ရာတွင် တွေ့ကြုံနေရသည့် အကြောင်းအရာများကို အသီးသီးရှင်းလင်းတင်ပြကြရာ ဝန်ကြီးက ပြန်လည်ရှင်းလင်းဖြေကြားပြီး ဆောင်ရွက်ပြီးစီးသည့်အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ကို ပေးအပ်သည်။
ဆက်လက်၍ ဝန်ကြီးနှင့်အဖွဲ့သည် ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီး၊ အစည်းအဝေးခန်းတွင် ဆေးရုံ အထူးကုဆရာဝန်ကြီး၊ ဆရာမကြီးများနှင့် သွားရောက်တွေ့ဆုံရာ ဆေးရုံအုပ်ကြီးဒေါက်တာကျော်နိုင်ဝင်းကဆေးရုံ ကျန်းမာ ရေး ဝန်ထမ်းအင်အားနှင့် ခရိုင်နှင့်မြို့နယ်ပြည်သူ့ကျန်းမာရေးဝန်ထမ်းအင်အားအခြေအနေ၊ ကိုဗစ်-၁၉ရောဂါမဖြစ်ပွားမီနှင့် ရောဂါဖြစ်ပွားပြီး ဆေးရုံလုပ်ငန်းဆောင်ရွက်ချက်များ၊ အောက်ဆီဂျင်ရရှိမှု အခြေအနေနှင့် ရောဂါအမျိုးမျိုး ဆေးကုသပေးနိုင်ရန် အတွက် ဆက်လက်လိုအပ်မည့် ကျန်းမာရေးသုံးပစ္စည်းများ၊ ဒေသတွင်း ရောဂါပိုးတွေ့ အတည်ပြု လူနာများနှင့် အခြားရောဂါ အမျိုးမျိုးတို့ဖြင့် လာရောက်ပြသသော လူနာများအား ဆေးကုသမှုပြုလုပ်ပေးနေသည့်အခြေအနေ၊ နှစ်၊ လ၊ ရက်များအလိုက် ကိုဗစ်ရောဂါပိုး စစ်ဆေး/တွေ့ရှိမှုအခြေအနေများကို အသီးသီးရှင်းလင်းတင်ပြရာ ဝန်ကြီးက လိုအပ်သည့် ကျန်းမာရေးသုံး ပစ္စည်းများ အမြန်ဆုံးဖြည့်ဆည်းဆောင်ရွက်နိုင်ရေး ကြိုးပမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြန်လည်ပြောကြားသည်။
ထို့အပြင် မကွေးတိုင်းဒေသကြီးလူမှုရေးရာဝန်ကြီး ဦးစိုးပိုင်မြင့်နှင့်အဖွဲ့က ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ ဆေးရုံကြီးဝန်း အတွင်းသံဃာဆေးရုံရှေ့ အောက်ဆီဂျင်စက်ရုံထားရှိမည့် အဆောက်အအုံဆောက်လုပ်နေမှုအား သွားရောက် ကြည့်ရှုစစ်ဆေးကြရာ ဆေးရုံအုပ်ကြီးနှင့်တာဝန်ရှိသူများက တည်ဆောက်ရေးလုပ်ငန်းများဆောင်ရွက်ပြီးစီးမှုအခြေအနေနှင့် ဆက်လက်ဆောင်ရွက်မည့်အခြေအနေများကို ရှင်းလင်းတင်ပြမှုအပေါ် ဝန်ကြီးက လိုအပ်သည်များပေါင်းစပ်ဆောင်ရွက်ပေး ကြောင်း သိရသည်။
ဆလိုင်းကိုကီး(ပြန်/ဆက်)
No comments:
Post a Comment