တာချီလိတ် စက်တင်ဘာ ၁၁
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့မြန်မာ-ထိုင်း ချစ်ကြည်ရေး တံတား အမှတ်( ၂)မှ တစ်ဆင့် ထိုင်းနိုင်ငံမှ ပြန်ဝင်လာကြသည့် နေရပ်ပြန်ပြည်သူ (၁၆၀)ဦး အားကိုဗစ်-၁၉ရောဂါပိုးကင်းစင်သဖြင့် သက်ဆိုင်ရာ တိုင်းဒေသကြီး နှင့် ပြည်နယ်များသို့ ရောက်ရှိနိုင်ရေးအတွက် တာဝန်ရှိသူများမှ မော်တော် ယာဉ်များဖြင့် ယမန်နေ့ညနေက ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နေရပ်ပြန်ပြည်သူများသည် စက်တင်ဘာလ (၆)ရက်နေ့က ထိုင်းနိုင်ငံမှ လွှဲပြောင်းပေးလာသည့် နေရပ်ပြန်ပြည်သူ (၂၂၁)ဦး မှ ဖြစ်ပြီး ၎င်းတို့အား တာချီလိတ်ခရိုင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ် ကုသရေးလုပ်ငန်း ကော်မတီမှ ကိုဗစ်-၁၉ ရောဂါ ပိုးရှိ/မရှိ RDT Rapid Test Kit စနစ်ဖြင့် ပထမအကြိမ်စစ်ဆေးခဲ့ပြီး ဝမ်လုံးစင်တာ တွင် အသွားအလာ ကန်သတ် စောင့်ကြည့်ထား၍ တတိယမြောက်နေ့တွင် နှာခေါင်းနှင့်အာခေါင် တို့ဖတ် ဓာတ်ခွဲနမူနာများရယူကာ တောင်ကြီးမြို့သို့ ပို့ဆောင်၍ ဒုတိယအကြိမ် စစ်ဆေးဆောင်ရွက်ခဲ့ရာ စစ်ဆေးချက်အဖြေအရ နေရပ်ပြည်ပြည်သူ (၆၁)ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့ကြောင်း သိရသည်။
ထို့ကြောင့် နှစ်ကြိမ်မြောက် ကျန်းမာရေးစစ်ဆေးမှုများပြုလုပ်ပြီး ကိုဗစ်-၁၉ ရောဂါပိုးကင်းစင်သူ (၁၆၀)ဉီးအား တာချီလိတ်မြို့ ရှိ ပြည်ပရောက် မြန်မာရွှေ့ပြောင်း အလုပ်သမားများ စီစစ်လက်ခံရေးနှင့် နေရပ်ပြန်လည် ပို့ဆောင်ရေးကော်မတီဥက္ကဋ္ဌ၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်နှင့် အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက နေရပ်ပြန်ပြည်သူများကို အစားအသောက် များ ဝေငှပေးခြင်းနှင့် လိုအပ်သည်များကို ဖြည့်ဆည်း ဆောင်ရွက်ပေး ကာသက်ဆိုင်ရာနေရပ် အသီးသီးသို့ရောက်ရှိနိုင်ရေးအတွက် မော်တော်ယာဉ်များစီစဉ်ပေးပြီး အခမဲ့ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။
ယာဆေး
No comments:
Post a Comment