Saturday, September 11, 2021

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများ၏ စကားသံများ

 






မြန်မာနိုင်ငံမှာ ကိုဗစ်-၁၉ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးအတွက် ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းသည် ပြည်သူများအတွက် အရေးပါသည့် လုပ်ငန်းစဉ်တစ်ခုဖြစ်သကဲ့သို့ ကာကွယ်ဆေး၏အာနိသင်သည်လည်း အကျိုးသက်ရောက်မှုရှိသည့်အတွက် လူတိုင်း ထိုးနှံသင့်ကြောင်းကို ကျန်းမာရေးဝန်ကြီးဌာနကထုတ်ပြန်ထားပြီး ဖြစ်ပါသည်။

 အဆိုပါ ကာကွယ်ဆေးသည်ရောဂါကာကွယ်၊ထိန်းချုပ် ရေးပိုင်းတွင် အဓိကကျတဲ့ အတွက် ကာကွယ်ဆေးထိုးနှံထားသူဖြစ်ပါက ၎င်းထံမှ ရောဂါပိုးထွက်ရှိမှုနှုန်းနည်းပါးမှာဖြစ်ပြီး ကူးစက်မှုနှုန်းလျော့နည်းမှာဖြစ်ကာ ကာကွယ်ဆေးထိုးထားသူများအနေဖြင့် ရောဂါပြင်းထန်စွာခံစားရမှုနှင့် အသက်ဆုံးရှုံးခြင်းတို့မှ ကာကွယ်နိုင်မှာဖြစ်ပါသည်။

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကူးစက်မှုခံခဲ့ရပြီး ကျန်းမာရေးပြန်လည်ကောင်းမွန်လာသူများ ၏ စကားသံများကို ဖော်ပြအပ် ပါသည်။

ဒေါ်ခင်မာကြည်

(ခရိုင်သစ်တောဦးစီးဌာန၊ မော်လမြိုင်မြို့နယ်)

ကျွန်မတို့အနေနဲ့အပြင် သိပ်မထွက်ဖြစ်ပါဘူး၊ အလုပ်ရှိမှ ထွက်ဖြစ်ပါတယ်၊ ကူးစက်ခံရမှုကတော့ ဆေးစစ်တဲ့အခါမှ သိရပါတယ်၊ ကျွန်မဆေးထိုး ထားတဲ့အတွက် ဒီကုသရေးစင်တာရောက်တဲ့ အထိ ဘာမှမဖြစ်ပါဘူး၊ မခံစားရပါဘူး၊ဆေးထိုးထားတဲ့ အတွက်ကြောင့်လို့ ထင်ပါတယ်၊

ကျန်းမာရေး စောင့်ရှောက်မှုအနေနှင့်ကတော့ မနက်တစ်ခါ၊ ညနေတစ်ခါ ကိုယ်အပူချိန်တိုင်းပေးပါတယ်၊ သွေးတိုင်းပေးပါတယ်၊ အောက်ဆီဂျင် စစ်ပေးပါတယ်၊ အစားအသောက်တွက်ကတော့ တစ်နေ့လျှင် သုံးကြိမ်ဆောင်ရွက်ပေးပါတယ်၊ ဂရုတစိုက်ဆောင်ရွက် ပေးပါတယ်၊ ကျွန်မအမြင်ကတော့ ကိုဗစ်-၁၉ ကာကွယ်ဆေး နှစ်ကြိမ်ထိုးထားပြီး သားဖြစ်တဲ့အတွက် ပြင်းပြင်းထန်ထန်မခံစား ရပါဘူး၊ ရောဂါ ဖြစ်ပေမယ့်လည်း ချောင်းမဆိုးဘူး၊ ကိုယ်လည်းမပူဘူး၊ နောက်တစ်ခုအနံ့

ပျောက်ပေမယ့်(၄)ရက်၊(၅)ရက်လောက်ခံစားရပါတယ်၊တခြားဘာမှတော့မဖြစ်ပါဘူးမခံစားရပါဘူး၊ကိုဗစ်-၁၉ကာကွယ် ဆေး ထိုးထားတဲ့အတွက် မခံစားရဘူး ထင်ပါတယ်၊ ကာကွယ်ဆေးမထိုးထားတဲ့သူတွေ အတွက်ကတော့ ပြင်းပြင်းထန်ထန်ခံစားရမယ်လို့ ထင်ပါတယ်၊ ကျွန်မတို့ကာကွယ်ဆေး ထိုးထားတဲ့သူတွေတောင် အဲ့သည်အချိန်မှာ အသက်ရှုရင်ဘတ်အောင့်ခံစားရပါတယ်၊ ဆေးမထိုးတဲ့

သူ နှစ်ဆလောက်ပိုခံစားရမှာပါ၊ ကာကွယ်ဆေးထိုးသင့်ပါတယ်၊ ဆေးထိုးထားတဲ့လူ နှင့်ဆေးမထိုးထားတဲ့လူ အရမ်းကွာခြားပါတယ် ၊ ကျွန်မတို့ ပြင်းပြင်းထန်ထန်ခံစားခဲ့ရတယ်၊ အဲတာကြောင့်ကာကွယ်ဆေး လူတိုင်းထိုးသင့်တယ်လို့ တိုက်တွန်းချင်ပါတယ်ရှင်။

ဒေါ်ခင်နှင်းသီတာထွန်း

(ပညာရေးဌာန၊ ချောင်းဆုံမြို့နယ်)

ကျွန်မကူးစက်မှုခံရတာကတော့ ပိုက်ဆံကတစ်ဆင့် ကူးစက်ခံရတယ် လို့ထင်ပါတယ် ပိုက်ဆံကို ခါတိုင်းဆို ပုံမှန် Spray ဖြန်းပါတယ်၊ အခုတလောမဖြန်းဖြစ်တဲ့အတွက် ကူးစက်မှုခံရတယ်လို့ထင်ပါတယ်၊ ဖြစ်ခါစနှာစေးပြီး လည်ချောင်းနည်းနည်းနာတာလောက်ဘဲ ခံစားရပါတယ်၊ ကုသရေးစင်တာမှတော့ တစ်ဦးလျှင်တစ်ခန်းနှုန်း နေပါတယ်၊ အပြင်ထွက်တဲ့ အခါ တိုင်းနှာခေါင်းစည်း ပုံမှန်တပ်ပါတယ်၊ လက်ဆေးပါတယ်၊ စားသောက်ရေးအနေနဲ့ကတော့ နိုင်ငံတော်မှကျွေးပါတယ် တစ်နေ့

(၃)ကြိမ်ကျွေးပါတယ်၊ ကျန်းမာရေး စောင့်ရှောက်မှုအနေနဲ့ကတော့ ကျွန်မတို့ရောက်လာတာနဲ့ဆရာဝန်တွေက ဓါတ်မှန်ရိုက်ပေးတယ်၊ သွေးစစ်ပေးတယ်၊ နောက်တစ်ခုကျတော့ ဆရာဝန်/ဆရာမတွေ ကတော့(၃)ရက်တစ်ခါကြည့်ပေးပါတယ်၊ သူနာပြုနေ့တိုင်းကြည့် ပေးတယ်၊ အပူချိန်တိုင်းပေးပါတယ်၊ အောက်ဆီဂျင်တိုင်းပေးပါတယ်၊ ပြီးတော့ သွေးပေါင်ချိန်တိုင်းပေးပါတယ်၊ သန့်ရှင်းပိုင်း အနေနဲ့ ကတော့ ရေချိုခန်း၊ အိမ်သာ ပိုးသတ်ဆေးပုံမှန်ဖြန်းပေးပါတယ်၊ ကျွန်မထင်တာကတော့

ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးထားရင်တော့ရောဂါဒဏ်ကို အများဆုံး ခံနိုင်ရည်ရှိမယ်လို့ ထင်ပါတယ်၊လက္ခဏာ ဆိုးဆိုးရွားရွား ပြတာတွေ မရှိပါဘူး၊ ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးထားတဲ့သူတွေအတွက်ကတော့ ရောဂါအခံ ရှိမယ်ဆိုရင် လက္ခဏာအများကြီးခံစားရမယ်လို့ ထင်ပါတယ်၊ ကိုဗစ်-၁၉ ကာကွယ်ဆေးမထိုးရသေးတဲ့သူတွေ ကတော့ ကျွန်မ ပြောချင်တာက ဆေးထိုးခွင့်ရရှိတဲ့ အချိန်ကာလကျရင်ကာကွယ်ဆေး မဖြစ်မနေ ထိုးပေးကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။

ဒေါ်ကေသီစိုး 

(မော်လမြိုင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပေါင်မြို့နယ်)

ကျွန်မ ဘယ်လိုကူးစက်ခံရလဲဆိုတော့ ပုံမှန်အလုပ်နှင့် အိမ်ဘဲသွားပါတယ်၊ နှာခေါင်းစည်း (Mask)တပ်ပါတယ်၊ လက်ဆေးပါတယ်၊ Positive စဖြစ်တဲ့ အချိန်ဘာရောဂါလက္ခဏာမှမပြပါဘူး၊Positiveဖြစ်ပြီး (၃)ရက်၊(၄)ရက်ကြာမှ အနံ့နည်းနည်းစပျောက်ပါတယ်၊ တခြားကြီးကြီး မားမားလက္ခဏာ မခံစားရပါဘူး၊ ကျွေးမွေးမှုအနေနဲ့တော့ အာဟာရစုံအောင်ကျွေးမွေး ပါတယ်၊အသား၊ ငါးအသီးအနှံအစုံ ပါပါတယ်၊ မနက်တစ်ခါ၊ညတစ်ခါ ကိုယ်အပူချိန်တိုင်းပေးပါတယ်၊ အောက်ဆီဂျင်တိုင်းပေးပါတယ်၊ သွေးပေါင်ချိန် တိုင်းပေးပါတယ်၊ နေ့စဉ်ဆောင်ရွက်ပေးပါတယ်၊ လိုအပ်တဲ့ဗီတာမင်အား ဆေးတိုက်ပါတယ်၊ ကိုဗစ်-၁၉ ကာကွယ် ဆေးမထိုးရသေး ပါဘူး၊ နို့တိုက်မိခင်နှင့် ကိုယ်ဝန်ဆောင်မိခင် ထိုးလို့ မရသေးတဲ့အတွက် ကိုယ်နို့တိုက်မိခင်ဖြစ်တဲ့အတွက် မထိုးရသေးပါဘူး၊ ဆေးထိုးပြီးသူနဲ့ မထိုးရသေးတဲ့သူ ကွာခြားချက်အနေနဲ့ကတော့ ကိုယ်ခံအားအပေါ်မှာ မူတည်ပါတယ်၊ ပြင်းပြင်းထန်ထန် မခံစားရနိုင်ပါဘူး၊ အဓိကပြောချင်တာကတော့ ကိုယ်ခံအားကောင်းအောင် နေထိုင်ဖို့လိုအပ်

ပါတယ်၊ အာဟာရပြည့်ဝစွာစားသုံးသင့်ပါတယ်၊ အသက်ရှု လေ့ကျင့်ခန်း ပုံမှန်ဆောင်ရွက် သင့်ပါတယ်၊ကျန်းမာရေးနဲ့ အညီ နေထိုင်သင့်ပါတယ်၊ ကိုဗစ်-၁၉ကာကွယ်ဆေး လူတိုင်းထိုးဖို့လိုအပ်ပါတယ်၊ထိုးခွင့် ရတဲ့ သူတိုင်း ထိုးစေချင်ပါတယ်၊ ဆေးထိုးဖို့မိမိအလှည့် မရောက်သေးစောင့်ပြီး မိမိအလှည့်ရောက်အကုန်လုံး ထိုးစေချင်ပါတယ်၊ ကာကွယ်ဆေးထိုးထားရင် ပိုကောင်းမွန်ပါတယ်၊ ရောဂါ လက္ခဏာဖြစ်လာခဲ့ရင်ပြင်းပြင်း ထန်ထန်ဆိုးဆိုးရွားရွား မခံစားရတော့ပါဘူး၊ကာကွယ်ဆေးထိုးခွင့်ရသည့်အချိန်တွင် ထိုးနှံကြပါလို့ တိုက်တွန်းချင်ပါတယ်ရှင်။

ဒေါ်ဇူးပြည့်ဇင်

(မော်လမြိုင်ခရိုင်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ရေးမြို့နယ်)

ကျွန်မကူးစက်ခံရမှုကတော့ ရေးမြို့နယ်မှပြန်လာပြီးတော့ နည်းနည်း အဖျားတက် (၃)ရက်၊(၄)ရက်လောက်အဖျားတက် ဆေးစစ် တဲ့နေရာသွား စစ်လိုက်တော့ Positive ထွက်ပါတယ်၊ဒီစင်တာ ရောက်ပြီး လက္ခဏာ အနေနဲ့ အရသာနည်းနည်းပျက်တယ်၊ အနံ့ပျောက်တာဖြစ်တယ်၊ အနံ့ပျောက်တာ(၃)ရက်လောက်ဖြစ်ပါတယ်၊ နောက်တော့အနံ့ပြန်ရ လာပါတယ်။ စားသောက်မှုအနေ နဲ့ကတော့ မနက်စာတစ်ကြိမ်၊ နေ့လည်စာတစ်ကြိမ်၊ ညနေစာတစ်ကြိမ် လာပို့ပါတယ်၊ ကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ကတော့မနက်တစ်ခါ၊ညတစ်ခါကိုယ်အပူချိန်တိုင်းပေးပါတယ်၊ အောက်ဆီဂျင်တိုင်းပေးပါတယ်၊ သွေးပေါင်ချိန်တိုင်းပေးပါတယ်၊ နေ့ခင်းပိုင်းဆရာဝန်တွေလာပြီးတော့ လိုအပ်တဲ့ဆေးဝါး လာပေးပါတယ်၊ ကိုဗစ်-၁၉ကာကွယ်ဆေး မထိုးရသေးပါဘူး၊ ကာကွယ်ဆေးထိုးပြီးတဲ့လူနှင့်မထိုးရသေးတဲ့ လူကွာခြားချက်အနေနဲ့ကတော့ ကာကွယ်ဆေး ထိုးပြီးတဲ့သူက လက္ခဏာပြင်းပြင်း ထန်ထန် မပြတော့ဘူး၊ ဆေးမထိုး ထားတဲ့သူ အနံ့ပျောက်၊ အရသာပျက်၊ နေမကောင်းဖြစ်မယ်၊ ချောင်းဆိုး မယ်စတဲ့ ရောဂါလက္ခဏာပြင်းထန်စွာခံစားရတယ်၊ အဲဒါကြောင့် လူတိုင်း ကိုဗစ်-၁၉လက္ခဏာပြင်းပြင်းထန်ထန် မခံစားရအောင် ကိုဗစ်-၁၉ ကာကွယ် ဆေး ထိုးသင့်တယ်လို့ ပြောချင်ပါတယ်ရှင်။

ဝါဝါလွင်၊ ဇာဖြူဝင်း

 

No comments:

Post a Comment