Thursday, September 2, 2021

တိုင်းဒေသကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့်ဆောင်ရွက်သည့် သန်းကြီးကုန်းကျေးရွာမြေသားရေကန် တူးဖော်မှုလုပ်ငန်းရာနှုန်းပြည့်ပြီးစီးပြီဖြစ်၍ ကျေးရွာပြည်သူများသောက်သုံးရေဖူလုံ


 ကျောက်ပန်းတောင်း စက်တင်ဘာ ၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကူရွာကျေးရွာအုပ်စုရှိ သန်းကြီးကုန်းကျေးရွာတွင် တိုင်းဒေသ ကြီးဖွံ့ဖြိုးရေးရန်ပုံငွေဖြင့် ဆောင်ရွက်သည့် မြေသားရေကန် တူးဖော်မှုလုပ်ငန်း  ပြီးစီးမှုအခြေအနေများကို  ယနေ့ နံနက် (၁၀)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်အဖွဲ့  ကွင်းဆင်းစစ်ဆေးခဲ့ကြ သည်။

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျောက်ပန်းတောင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန မှ ၂၀၂၀-၂၀၂၁-ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး အစိုးရအဖွဲ့ ဖွံ့ဖြိုးရေးရန်ပုံငွေ (၉ ဒသမ ၉ သန်း) ဖြင့် သန်းကြီး ကုန်း ကျေးရွာ  တွင် အလျား ၁၂၀ ပေ× အနံ ၁၂၀ ပေ× အနက် ၆ ပေရှိ မြေသားရေကန်တူးဖော်မှုလုပ်ငန်းကို ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ တာဝန်ယူ၍  ၂၀၂၁ခုနှစ်၊ ဩဂုတ်လလယ်တွင် လုပ်ငန်းစတင်ဆောင်ရွက်ခဲ့ရာ၊ ယခုအခါ လုပ်ငန်း အားလုံး ၁၀၀ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်သဖြင့် လုပ်ငန်းပြီးစီးမှုအခြေအနေများကို မြို့နယ် ဦးစီး မှူးနှင့်အင်ဂျင်နီယာအဖွဲ့မှ ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ ဒေသခံတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ ရေဝင်ရေထွက်လမ်းများ ကောင်းမွန်ရေးနှင့် ကန် ပေါင်များ ခိုင်မာကြံ့ခိုင်ရေး ဝိုင်းဝန်းထိန်းသိမ်းကြရန် ဆွေးနွေးမှာကြားသည်။

အဆိုပါ မြေသားရေကန်တူးဖော်ပြီးစီးပြီဖြစ်၍ သန်းကြီးကုန်းကျေးရွာနေ အိမ်ခြေ(၇၄)အိမ်မှ လူဦးရေ(၄၉၅)ဦးတို့ အတွက် မိုးရေလုံလောက်စွာရရှိပါက နှစ်ပတ်လည်သည်အထိ သောက်သုံးရေ ဖူလုံစွာဖြင့် ရာသီမရွေး သုံးစွဲနိုင်ကြတော့မည် ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းကပြောကြားသည်။

နေအောင်(ပြန်/ဆက်)

No comments:

Post a Comment