Thursday, September 2, 2021

ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ပခုက္ကူ-မန္တလေး ကားလမ်းမကြီးပေါ် ရေကျော်မှုဖြစ်ပွား


 

ရေစကြို စက်တင်ဘာ ၂


ပခုက္ကူခရိုင်၊ ရေစကြိုမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေစကြိုမြို့နယ် ပခန်းကြီးနယ် မြေမီးသတ်စခန်း၏ တောင်ဘက်(၂)မိုင်ခန့်အကွာ ဆင်ချောင်းကျေးရွာအုပ်စု၊ ဆင်ချောင်းကျေးရွာအနီး ပခုက္ကူ-မန္တလေးကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ်(၁၆/၃)နှင့် (၁၆/၄)အကြားနှင့် မြို့နယ်မီးသတ်စခန်း အနောက်တောင်ဘက် (၆)မိုင်ခန့်အကွာ ကံသစ် ကျေးရွာအုပ်စု၊ ကံသစ်ကျေးရွာအနီး ပခုက္ကူ-မန္တလေး ကားလမ်းမကြီးပေါ် မိုင်တိုင်အမှတ် (၂၁/၀)နှင့်(၂၁/၁) အကြားတို့တွင် ကားလမ်းပေါ် ရေကျော်မှု ယနေ့ နံနက် ၆ နာရီခန့်က ဖြစ်ပွားသည်။

ကားလမ်းပေါ် ရေကျော်နေမှုကြောင့် ပြည်သူများသွား လာရာတွင် အခက်အခဲဖြစ်နေကြောင်း သတင်းရရှိ၍ ရေစကြိုမြို့နယ် မီးသတ်စခန်းမှ ဒုတိယမီးသတ် ဦးစီးမှူး ဦးနိုင်မျိုးအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် ၁၀ ဦး၊ အုပ်ချုပ်မှုယာဉ်တစ်စီး၊ အရန်မီးသတ် တပ်ဖွဲ့ဝင် ၇ ဦးတို့ဖြင့် သွားရောက် ကူညီဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပခုက္ကူ-မန္တလေး ကားလမ်းမကြီးရှ ရေကျော်မှုဖြစ်ပေါ်ခဲ့သည့် နေရာများတွင် မိုးသည်းထန်စွာ ရွာသွန်း၍ လမ်းရေကျော်မှု ခဏတာဖြစ်ပေါ်ခဲ့သော်လည်း ခရီးသွား ပြည်သူများ အနေဖြင့် မွန်းလွဲ ၁၂ နာရီခွဲ အချိန်မှစ၍ ပုံမှန်အတိုင်း ခရီးသွား လာနိုင်ပြီ ဖြစ်ကြောင်း သိရသည်။

နော်နော် (ချင်းတွင်းသား)

No comments:

Post a Comment