Thursday, September 2, 2021

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ဟင်္သာတမြို့ ရေကာတာများအား ကြည့်ရှု့စစ်ဆေး



ဟင်္သာတ စက်တင်ဘာ ၂


ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့်အဖွဲ့သည် ယနေ့ နေ့လယ်ပိုင်းက ခရိုင်နှင့် မြို့နယ် တာဝန်ရှိသူများနှင့်အတူဘူ ဟင်္သာတမြို့နယ် အိပ်ပျက်အုပ်စုရှိ ဖောင်ဆိပ် ကျေးရွာသို့ ရောက်ရှိကာ ဧရာဝတီမြစ် ရေကာတာများကို ကြည့်ရှုစစ်ဆေးခဲ့​သည်။

ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ တိုင်းဒေသကြီး လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့် အစိုးရအဖွဲ့ဝန်ကြီးများသည် ဖောင်ဆိပ် ရေကာတာ ယာယီ ရှင်းလင်းဆောင်တွင် ဒေသခံပြည်သူများ နှင့်တွေ့ဆုံကာ အားပေးစကား ပြောကြားခဲ့သည်။

ဆက်လက်၍ ခရိုင်ဆည်မြောင်း ဦးစီးဌာနမှူး ဦးစံမင်းက တာတမံများတွင် အရေးပေါ်အခြေအနေ ဖြစ်ပေါ်လာပါက တာတမံ ပြင်ခြင်းနှင့် အရေးပေါ်တုန့်ပြန် ခြင်းဆောင်ရွက်မည့် စီမံချက်အခြေအနေများကို ရှင်းလင်းတင်ပြပြီး၊ ဦးစီးအရာရှိ ဦးသိန်းလင်းကျော်က ရေပေါက် ပေါက်ခြင်းအတွက် ရေခွေ ခွေခြင်း၊ တာအိ တာလျောခြင်း အတွက် တာခြေကန်ခြင်း၊ သဲဗွက် ထခြင်းအတွက် ရေခွေ ခွေခြင်း၊ တာဆင့်ခြင်း စသည့် လုပ်ငန်းများကို လက်တွေ့ သရုပ်ပြ ရှင်းလင်းရာ  တိုင်းဒေသကြီး ဝန်ကြီးချုပ်မှ ရေကင်းများ နေ့ညမပြတ် ဂရုပြုလှည့်လည်ရန်၊ သတ်မှတ်ရေကင်းစခန်းများတွင် ရေဘေးကာကွယ်ရေးသုံး ပစ္စည်းများ ကြိုတင်စုဆောင်း၍ ထားရှိရန်  ပတ်ဝန်းကျင်နေ ပြည်သူများကလည်း တာတမံဥပဒေ များကိုလိုက်နာရန်၊ ထူးပေါက်ခြင်း သဲဗွက်ထခြင်း၊ တာအိခြင်း၊ ရေကျော်ခြင်း၊ တာကျွံခြင်းများ တွေ့ရှိပါက ဆည်မြောင်းနှင့် ရေအသုံးချရေး ဦးစီးဌာနနှင့် နီးစပ်ရာ ရေကင်းစခန်းများ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေး အဖွဲ့များကို အချိန်မီသတင်းပို့ကြရန် မှာကြားဆွေးနွေးကာ သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးများအား သတိပေးအလံများ စိုက်ထူနိုင်ရန် ပေးအပ်ခဲ့ပြီး မြစ်ကမ်းထိမ်း လုပ်ငန်းများ ဆောင်ရွက်နေမူတို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ကိုဇော် ခရိုင်(ပြန်/ဆက်)

No comments:

Post a Comment