မြစ်ကြီးနား စက်တင်ဘာ ၂
ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့နယ်အတွင်း ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ် ရေးလုပ်ငန်းများတွင် ပူးပေါင်းဆောင်ရွက်နေကြသည့် ဘာသာရေးအဖွဲ့အစည်းများထံ ကာကွယ် ရေးသုံးပစ္စည်း၏ ကိုဗစ်-၁၉ အတည်ပြုလူနာများပြုစုစောင့်ရှောက်ရေးစခန်းသို့ ကာကွယ်ရေးသုံး ပစ္စည်းများ ထောက်ပံ့ပေးအပ်ခြင်းနှင့် ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေး ခြင်းလုပ်ငန်းကို ယမန်နေ့ ညနေ ၄ နာရီခွဲတွင် ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည်
ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်၊ ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများသည်
မြစ်ကြီးနားမြို့ ရမ်ပူရပ်ကွက် အတွင်းရှိ မြန်မာနိုင်ငံလီဆူခရစ်ယာန်အသင်းတော် (ကချင်ပြည်နယ်အသင်းတော်များရုံးချုပ်)ဝင်း
အတွင်း ကိုဗစ်-၁၉ အတည်ပြုလူနာများ ပြုစုစောင့်ရှောက်ရေးစခန်း ဖွင့်လှစ်ဆောင်ရွက်ထားရှိမှုနှင့်
လူနာအခြေအနေများကို မေးမြန်းဆွေးနွေးခဲ့ကြကာ လိုအပ်သည်များကို တာဝန်ရှိသူများနှင့်
ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပြီး ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများနှင့်
စေတနာ့ဝန်ထမ်း ဆောင်ရွက် နေကြသူများအတွက် ထောက်ပံ့ငွေများကို ထောက်ပံ့ပေးအပ်ခဲ့ပြီး
စခန်းအတွင်းရှိ လူနာများအား အားပေးစကားပြောကြားခဲ့သည်။
ထိုမှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်၍
မြစ်ကြီးနားမြို့ ညနေဈေးအတွင်း Mask Campaign ဖြင့် အသိပညာပေးခြင်းလုပ်ငန်းကို ပြည်နယ်ဝန်ကြီး၊
ခရိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူများသူများနှင့်
အတူ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်း Mask များနှင့် ဆပ်ပြာခဲများကို
လိုက်လံဖြန့်ဝေပေးခဲ့ ကြပြီး ပြင်ပထွက်သွားလာတိုင်း
နှာခေါင်းစည်း Mask စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကိုဗစ် - ၁၉ ရောဂါအန္တရာယ်နှင့် ပတ်သက်၍
အသိပညာပေးဟောပြောခဲ့ကြသည်။
ပြည်နယ်ပြန်/ဆက်
No comments:
Post a Comment