Saturday, September 4, 2021

ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာအနီးရှိ ဗုဒ္ဓဥယျာဉ်အတွင်း ကွန်ကရစ်လမ်းခင်းခြင်းနှင့် အနီးရှိ ကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး


 

ကျိုင်းတုံ စက်တင်ဘာ ၄


ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ ပန်ကွဲကျေးရွာအနီးရှိ၊ ဗုဒ္ဓဥယျာဉ်အတွင်း ကွန်ကရစ်လမ်းခင်း​ခြင်းနှင့် အနီးရှိကျေးရွာများ သောက်သုံးရေရရှိရေး လုပ်ငန်းများ ဆောင်ရွက်နေမှုအား ယမန်နေ့တွင် ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးသည်။

နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၊ (ပြည်ထောင်စု) နယ်စပ်ဒေသဖွံ့ဖြိုးရေး ထောက်ပံ့ ရန်ပုံငွေဖြင့် ဗုဒ္ဓဥယျာဉ်အတွင်း အရှည် ၆၀၆၀ ပေ၊ အကျယ် ၁၄ ပေ၊ ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုနှင့် ဗုဒ္ဓဥယျာဉ်အနီးရှိ ကျေးရွာများ သောက်သုံးရေရရှိရေးအတွက်  လုပ်ငန်းများ ဆောင်ရွက်နေမှုကို ပြည်နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးရဲနိုင်နှင့် တာဝန်ရှိသူများက ကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ရေရှည်တည်တံ့ ကောင်းမွန်ရေးနှင့် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးအောင် ဆောင်ရွက်ရေး ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ ဗုဒ္ဓဥယျာဉ်တော်တွင် အဘယရာဇမုနိ ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးအား  ရှမ်းပြည်နယ် အရှေ့ပိုင်းဒေသ အေးချမ်းသာယာမှုရှိစေရန်နှင့် တောင်ပေါ်ဒေသ တိုင်ရင်းသားပြည်သူများ၊  ပြည်တွင်း ပြည်ပခရီးသွားများ လာရောက်လည်ပတ်ခြင်းဖြင့် ဒေသဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန် တည်ထားပြီး သတ္တသတ္တာဟ မဟာဗောဓိစေတီတော်မြတ်ကြီး ထပ်မံတည်ထား ကိုးကွယ်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)

No comments:

Post a Comment