Saturday, September 4, 2021

တာချီလိတ်မြို့ရှိ ဝမ်လုံး Quarantine Center မှ နေရပ်ပြန်ပြည်သူများနှင့် ဒေသခံပြည်သူ (၅၃၇)ဦး တို့အား ကျန်းမာရေးကောင်းမွန်သဖြင့် နေရပ်အသီးသီးသို့ပြန်လည်ပို့ဆောင်ပေး

 


တာချီလိတ် စက်တင်ဘာ

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့၊ ဝမ်လုံး အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း၌ Quarantine ဝင်ရောက်နေသော မြန်မာနိုင်ငံသား  နေရပ်ပြန်များနှင့်ဒေသခံပြည်သူ စုစုပေါင်း( ၅၃၇) ဦးတို့အား  ယမန်နေ့ ညနေပိုင်းက ကျန်းမာရေး ကောင်းမွန်လာ၍ ၎င်းတို့၏ နေရပ်များသို့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ နေရပ်သို့ ပြန်လည်ပို့ဆောင်ပေးခဲ့သည့် ပြည်သူများသည် လာအိုနိုင်ငံမှ ပြန်လာသည့် မြန်မာနိုင်ငံသား နေရပ်ပြန်ပြည်သူ(၅၁၀)ဦး နှင့် တာချီလိတ်မြို့မှ ဒေသခံပြည်သူ(၂၇)တို့ စုစုပေါင်း

(၅၃၇)ဦး တို့ဖြစ်ကြပြီး ၎င်းတို့အား  ခရိုင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းကော်မတီမှ ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ပိုးရှိ/မရှိစစ်ဆေးဆောင်ရွက်ခဲ့ ရာ စစ်ဆေးချက်အဖြေအရ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့သူများဖြစ်၍ ဝမ်လုံးအသွားအလာ ကန့်သတ်စောင့်ကြည့်ရေးစင်တာ၌ သီးခြားထားရှိကာ တတိယမြောက်နေ့တွင် ကျန်းမာရေးစစ်ဆေးမှုများထပ်မံပြုလုပ်ခဲ့ပြီး ပိုးကင်းစင်ကြောင်း အဖြေထွက်ရှိ၍ နေရပ်အသီးသီးသို့ ပြန်လည် ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ  နေရပ်အသီးသီးသို့ပြန်ကြမည့် ပြည်သူ များအား စစ်ဗျူဟာအဖွဲ့ (အခြေချ) တာချီလိတ် စစ်ဗျူဟာမှူး ဗိုလ်မှူးကြီး မင်းမင်းထွန်း၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးတင်ဦးကျော်၊ မြို့ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုအဖွဲ့တို့က လာရောက်ကြည့်ရှု့ကာ လိုအပ်ချက်များကိုဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ မော်တော်ယာဥ်များစီစဉ်ပေးခြင်းနှင့် အားပေးစကားများပြောကြားကာ သက်ဆိုင်ရာ တိုင်းဒေသကြီး ပြည်နယ်များသို့ အခမဲ့ ပြန်လည်ပို့ဆောင်ပေးခဲ့ကြောင်း သိရှိရသည်။

ယာဆေး(ပြန်/ဆက်)

No comments:

Post a Comment