ပခုက္ကူ စက်တင်ဘာ ၁၁
မကွေးတိုင်းဒေသကြီး ပခုက္ကူခရိုင် မြစ်ခြေမြို့၌ မိုးသည်းထန်စွာရွာသွန်း သဖြင့် လူနေအိမ်များအတွင်းသို့ ချောင်းမကျီးချောင်းနှင့် သရက်တော ချောင်းရေ ၃ပေ မှ ၄ပေခန့်အထိ ယမန်နေ့ နံနက် ၁နာရီခန့်က မြေနိမ့်ရပ်ကွက် များသို့ ဝင်ရောက်သဖြင့် အိမ်အသုံးပစ္စည်းများနှင့် ဝန်းထရံများ ပျက်စီးမျော ပါခဲ့သည်။
မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ခြေမြို့၌ အိမ်ခြေ ၁၀၀ခန့် အတွင်းသို့ ချောင်းရေများ ၃ပေ မှ ၄ပေ ခန့် အထိ ဝင်ရောက်သဖြင့် အိမ်အသုံးအဆောင် ပစ္စည်း အိုး၊ ခွက်၊ ပန်းကန်များ နေအိမ်ခြံဝန်းများကို ကာရံထားသည့် ဝန်းထရံများ မျောပါပျက်စီးခဲ့ကြောင်း ညပိုင်းလူအများ အိပ်ချိန်ဖြစ်၍ သိမ်းဆည်းချိန်မရလိုက်ကြောင်း ချောင်းရေဝင်ရောက်ခဲ့သည့် အိမ်ရှင် ဦးလင်းရှီလ ကပြောသည်။
အလားတူ မိုးသည်းထန်စွာရွာသွန်းသဖြင့် ကျတ်ထိုးချောင်းရေ စီးဆင်းမှု ကြောင့် ချိုင်ကျေးရွာအုပ်စုအတွင်းရှိ ပြည်ထောင်စုလွှတ်တော် ရန်ပုံငွေ ကျပ်သိန်း ၄၀ ဖြင့် ဆောင်ရွက်ခဲ့သော မြေနီတွင်းကျေးရွာနှင့်ရေကြည်ကျေးရွာ ကျေးရွာချင်းဆက်မြေနီလမ်း ကျပ်၁၀ သိန်းဖိုးခန့် ကျိုးပဲ့ပျက်စီးခြင်း ဆားကျင်းကုန်း-ရေလာကြီး-ထန်းတပင် ကျေးလက်လမ်းပေါ်ရှိ ရေလာကြီး ရေကျော် ပေ၃၀ခန့် ရေတိုက်စား ပျက်စီးခဲ့ကြောင်းသိရသည်။
ဇော်(အဝေးသင်)
No comments:
Post a Comment