Saturday, September 11, 2021

ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၌ အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြုပစ္စည်း များ ပေးအပ်လှူဒါန်း


 




ပူတာအို စက်တင်ဘာ ၁၁

 

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံး ပြုနိုင်ရန် အတွက် အောက်ဆီဂျင်အိုးများနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများ ပေးအပ် လှူဒါန်းခြင်း ကို ယနေ့ နံနက်(၉)နာရီခွဲ ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ အစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

အောက်ဆီဂျင်အိုများပေးအပ်လှူဒါန်းရာတွင် အလှူရှင် ဦးလဂွေဘောမ်လန်း ပန်ဝါပြည်သူ့စစ်အဖွဲ့ ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့၀င် ဦးမယစ်ယောရှုက ကာလတန်ဖိုး စုစုပေါင်းသိန်း(၁၅၀)တန်ဖိုးရှိ လီတာ၄၀ဆံ့ အောက်ဆီဂျင်အိုး (အစုံ)(၅၀)လုံးနှင့် ကျန်းမာရေး အထောက်အကူပြု ပစ္စည်းများပေးအပ်လှူဒါန်း ရာ စစ်ဗျူဟာအဖွဲ့ (အခြေချ) ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်း၊ ခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်၊ အတွင်းရေးမှူး ဒေါက်တာသန့်ဇင်ထွန်းနှင့် အဖွဲ့၀င်များ၊ မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော် ကျော်လွင်နှင့်အဖွဲ့၀င်များက လက်ခံရယူကြပြီး အလှူရှင်အား ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြသည်။

 

ထို့အပြင် အလှူရှင် ဦးလဂွေဘောမ်လန်း ပန်ဝါပြည်သူ့စစ်အဖွဲ့သည် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများတွင်အသုံးပြုနိုင်ရန်အတွက် Oxygen Mask(၁၀၀)ပါ သုံးဖာ ၊Surgical Glove(၆၀)ပါ ခြောက်ထုပ်၊ Mask(၁၀)ခုပါ (၄၀၀)ထုပ်ပါ သုံးဖာ၊ PPE(၅၀)ပါ တစ်ဖာနှင့် ပန်းဉယျာဉ် ပရဟိတအသင်းအား ကိုဗစ်-၁၉ရောဂါကာကွယ်ရေး အထောက်အကူပြု ပစ္စည်းများကို စက်တင်ဘာ(၇) ရက်နေ့တွင် ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

 

ဆက်လက်၍ ပူတာအိုခရိုင် ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးချစ်သည် စစ်ဗျူဟာအဖွဲ့(အခြေချ)ပူတာအိုမှ ဗျူဟာမှူး ဗိုလ်မှူးကြီး ၀င်းမင်းသိမ်းနှင့်အတူ ကချင်ပြည်နယ် အစိုးရအဖွဲ့၏အထောက်အပံ့ဖြင့် ပူတာအိုခရိုင်ပြည်သူ့ဆေးရုံ၀င်း၌ Oxygen Plant ဆောက် လုပ်နေမှုအားကြည့်ရှုစစ်ဆေးပြီး သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေး တာ၀န်ရှိသူများနှင့်ညှိနှိုင်း ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြသည်။

 

 

အဆိုပါ အောက်ဆီဂျင်စက်ရုံသည် အလျား ၃၃ပေ အနံ ၂၂ပေ အတိုင်းအတာဖြင့်ဆောက်လုပ်လျက်ရှိပြီး ယခုအခါလုပ်ငန်း၏(၇၀)ရာခိုင်နှုန်းခန့်ပြီးစီးနေပြီဖြစ်ရာ အဆိုပါစက်တစ်လုံးလည်ပတ်ပါက တစ်နာရီလျှင် လီတာ၄၀ဆံ့ အောက်ဆီဂျင်အိုး ၅လုံးထုတ်လုပ်နိုင်မည်ဖြစ်ကာ တစ်ရက်လျှင် အလုံးရေ ၁၂၀ထွက်ရှိမည်ဖြစ် ကြောင်းသိရှိရသည်။

 

ခရိုင်ပြန်/ဆက်(ပူတာအို)

No comments:

Post a Comment