ပွင့်ဖြူ စက်တင်ဘာ ၂
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အခက်အခဲမရှိ ဝယ်ယူသုံးစွဲနိုင်ရန်နှင့် ဈေးနှုန်းမြှင့်တင် ရောင်းချမှုများ မရှိစေရေးအတွက် ယနေ့နံနက် ၈ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်နှင့် ဌာနဆိုင်ရာ ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်း အရောင်းဆိုင်များကို ကွင်းဆင်းစစ်ဆေးခဲ့ကြကြောင်း သိရသည်။
ထိုသို့ ဆေးပစ္စည်းအရောင်းဆိုင်များအား
ကွင်းဆင်းစစ်ဆေးရာတွင် ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော် ဦးဆောင်သော
မြို့နယ်စည်ပင်သာယာရေးအဖွဲ့ ၊ မြို့နယ်စားသုံးသူရေးရာဦးစီးဌာန ၊ မြို့နယ်ပြန်ကြားရေးနှင့်
ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန ၊ ကျန်းမာရေးဌာန ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ
ပါဝင်သော ပူးပေါင်း စစ်ဆေးရေးအဖွဲ့က ပွင့်ဖြူမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်(၇)ဆိုင်သို့
သွားရောက်ကာ ဆေးဝါးပစ္စည်းများ ရောင်းချရာ၌ ဈေးနှုန်းမြှင့်တင်ရောင်းချခြင်း ရှိ /
မရှိ နှင့် ကိုဗစ် - ၁၉ ရောဂါကာကွယ်ရေးဆိုင်ရာ လမ်းညွှန်ချက်များအတိုင်း ရောင်းချခြင်း
ရှိ / မရှိ တို့ကို ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
ထို့နောက် ဆေးဆိုင်လုပ်ငန်းရှင်များ
တွေ့ဆုံ၍ ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလ မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ဆေးဝါးပစ္စည်းများ
ဝယ်ယူရာတွင်အခက်အခဲ မဖြစ်စေရေး အတွက် သတ်မှတ်ကာလပေါက်ဈေးထက် ဈေးနှုန်းမြှင့်တင် ရောင်းချခြင်းများ
မပြုလုပ်ကြရန်နှင့် စစ်ဆေးတွေ့ရှိပါက တည်ဆဲဥပဒေများနှင့် အညီ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း
အသိပေးရှင်းလင်း ဆွေးနွေး ပြောကြားခဲ့သည်။
ကိုဗစ် - ၁၉ ရောဂါဖြစ်ပွားနေသည့်ကာလအတွင်း
မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကိုဗစ် - ၁၉ ရောဂါ ကင်းဝေးစေရန်နှင့် ကျန်းမာသက်ရှည်စွာ
နေထိုင်သွားနိုင်ရေးအတွက် လိုအပ်သော ဆေးဝါးပစ္စည်းများ သင့်တင့်မျှတသော ဈေးနှုန်းဖြင့်
ဝယ်ယူသုံးစွဲနိုင်ရေးအတွက် ယခုကဲ့သို့ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး
ကွင်းဆင်းစစ်ဆေး ခြင်းလုပ်ငန်းကို စဉ်ဆက်မပြတ် ပြုလုပ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း
ပွင့်ဖြူမြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည့်ဖြိုးကျော်
ထံက သိရသည်။
ရဲဝင်းနိုင် (ညောင်ဦး)

No comments:
Post a Comment