မကွေး စက်တင်ဘာ ၂
ဧရာဝတီမြစ်ရေမြင့်တက်မှုကြောင့် မကွေးမြို့နယ်၊ မြေနုကျေးရွာရှိ အိမ်ထောင်စု (၈)စုအား ယမန်နေ့ နံနက် ၁၁ နာရီခွဲအချိန်က အဆိုပါကျေးရွာအတွင်း ကုန်းမြင့်တည်ရှိရာ ဘက်စုံသုံးခန်းမသို့ ပြောင်းရွှေ့ထားကြောင်း သိရသည်။
အဆိုပါ မြစ်ရေဝင်ရောက်သည့် မြေနုကျေးရွာအုပ်စု၊
မြေနုကျေးရွာသို့ မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊
ခေတ္တမြို့နယ်အုပ်ချုပ်ရေးမှူး ဦးလှမျိုးထွန်း၊ တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာန
ဒုတိယညွှန်ကြားရေးမှူး ဦးကျော်စိုးဝင်း၊ မကွေးမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်(၂)
ဦးဘိုအောင်၊ မကွေးမြို့နယ်မီးသတ်ဦးစီးမှူး ဦးလှိုင်ကိုကိုမောင်၊ မြို့နယ် ကျန်းမာရေးဦးစီးဌာန၊
ဦးစီးအရာရှိ ဒေါက်တာရဲစိုးတို့အဖွဲ့က ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ဆောင်ရွက်ထားရှိရန်မှာကြားခဲ့ပါကြောင်းနှင့်
နှစ်စဉ်ဧရာဝတီမြစ်ရေ မြင့်တက်မှု ကြောင့် ပြောင်းရွှေ့ရခြင်းဖြစ်ပြီး လက်ရှိအချိန်အထိ
စိုးရိမ်မှု မရှိပါကြောင်း သိရသည်။
ကိုအောင်
No comments:
Post a Comment