Friday, September 10, 2021

မွန်ပြည်နယ်ဝန်ကြီးချုပ်မှ ပေါင်မြို့နယ်အတွင်းရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

 


ပေါင်  စက်တင်ဘာ ၁၀

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်လင်းထွန်းသည် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာတာဝန်ရှိသူ များနှင့် အတူ ယမန်နေ့ မွန်းလွဲပိုင်းက ပေါင်မြို့နယ် ကျွဲခြံကျေးရွာတွင် ဒေသနှင့်ကိုက်ညီသည့် မျိုးစေ့ထုတ် စပါးစိုက်ခင်းဆောင်ရွက်ထားရှိမှု အခြေအနေများ၊ ဒေသဖွံ့ဖြိုးရေးဆောင်ရွက်နေမှု အခြေအနေများ၊ ရေငန် တားတံမန်ဆောင်ရွက်မှုအခြေအနေများနှင့် ဒီရေတောစိုက်ထားမှု အခြေအနေများကို ကွင်းဆင်း ကြည့်ရှု့ စစ်ဆေးကြောင်း သိရသည်။

ရှေးဦးစွာ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့အား စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဆောင်ရွက် ထားရှိမှု အခြေအနေများအား ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ဒေသခံတောင်သူများနှင့်တွေ့ဆုံရာ တောင်သူများက ၎င်းတို့၏လိုအပ်ချက်များကို တင်ပြဆွေးနွေးမှုကို ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့် ကိုက်ညီသည့် မျိုးစပါးဖြန့်ဖြူး ပေးနိုင်ရေး၊ ရေငံဒဏ်ခံနိုင်သည့်မျိုးစပါးများ အမြန်ဆုံးရရှိအောင်ဆောင်ရွက် ပေးဖို့ လမ်းညွှန်မှာကြားသည်။

ယင်းနောက် အဟောက်ကျေးရွာတွင် ကျေးလက်လမ်းခင်းနေမှုအခြေအနေများကို ကျေးလက်လမ်း ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆောင်ရွက်ထားရှိမှု အခြေအနေများကို လည်းကောင်း၊ ပေါင်မြို့နယ် အလှပ် ကျေးရွာအုပ်စုတွင် ရေငံတားတမံပတ်လမ်းကာရံခြင်း၊ ကာကွယ်ခြင်းလုပ်ငန်းများ၊ ကျောက်စီခြင်းလုပ်ငန်း များဆောင်ရွက်နေမှုအခြေအနေများကို ဆည်မြောင်းဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြကြ ပြီးနောက် ကျေးရွာ အုပ်ချုပ်ရေးမှူးမှ ပြည်သူများအန္တရာယ်ကင်းစေရေး အမြန်ဆုံးဆောင်ရွက် ပေးနိုင်ရေးကို တင်ပြဆွေးနွေးသည်။

ဆက်လက်၍ မွန်ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်ဝန်ကြီးများ၊ သက်ဆိုင်ရာ တာဝန်ရှိသူများက အလှပ်ကျေးရွာ သာယာကုန်းကျောင်းတိုက်ဆရာတော် ဘန္ဒန္တကဝိန္ဒအား ဖူးမျှော်ကြည်ညိုပြီး လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။

ယင်းနောက် ဇီးကုန်းကျေးရွာရှိ ဧက(၁၀၀)ဒီရေတောစိုက်ခင်းစိုက်ပျိုးထားရှိမှု အခြေအနေ များကို သစ်တောဦးစီးဌာနမှတာဝန်ရှိသူတစ်ဦးက ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်က ဒေသခံပြည်သူများ၏ တင်ပြတောင်းဆိုဆွေးနွေးချက်များကို အပြန်အလှန် ဆွေးနွေးခဲ့ပြီး အမြန်ဆုံးအကောင်အထည်ဖော် ကူညီပေးနိုင်ရေးအတွက် သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

 မြို့နယ်(ပြန်/ဆက်)

No comments:

Post a Comment