ဖြုတ်ချခံလိုက်ရတဲ့ NLD လွှတ်တော်အမတ်တွေနဲ့ စုဖွဲ့ထားပြီး အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လို့ခေါ်တဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်အစိုးရအဖွဲ့ဟာ ဖေဖော်ဝါရီလမှာ နိုင်ငံတော်အာဏာကို ရယူ ထိန်းသိမ်းထားတဲ့ တပ်မတော်အစိုးရကို ဆန့်ကျင်တဲ့ အကြမ်းဖက်တိုက်ပွဲတွေစတင်ဖို့ စက်တင်ဘာ ၇ ရက်မှာ လှုံ့ဆော်လိုက်ပါတယ်။ တစ်နိုင်ငံလုံးမှာ ရှိတဲ့ပြည်သူတွေအနေနဲ့ အကြမ်းဖက်တိုက်ခိုက်မှု တွေမှာ လက်တွဲပါဝင်ပြီး တပ်မတော်ရဲ့ အုပ်ချုပ်မှုကို တွန်းလှန်ကြဖို့ကိုလည်း သူတို့က တိုက်တွန်း ထားပါသေးတယ်။ NUG ရဲ့ ယာယီသမ္မတဖြစ်တဲ့ ဒူးဝါးလရှီလက PDF အကြမ်းဖက်အဖွဲ့နဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေအနေနဲ့ တပ်မတော်ကို အခုချက်ချင်းတိုက်ခိုက်ကြဖို့ သူ့ရဲ့ ဗီဒီယိုမိန့်ခွန်းတစ်ခုမှာ တောင်းဆိုထားပါတယ်။
အနည်းအကျဉ်းသာရှိ PDF အကြမ်းဖက်အဖွဲ့ကို မေလမှာ ဖွဲ့စည်း ခဲ့တာပါ။ သူတို့အနေနဲ့ NLD ပါတီကို သစ္စာခံမယ်လို့ ကတိပြုထားပြီးတော့ သူတို့မှာ တပ်ဖွဲ့ဝင်အင်အား က အနည်းအကျဉ်းသာရှိပါတယ်။ တပ်မတော် အစိုးရက NUG နဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တို့ကို အကြမ်းဖက်အဖွဲ့တွေအဖြစ် သတ်မှတ်ထား သလို ဒူးဝါးလရှီလကလည်း တပ်မတော်အစိုးရကို အကြမ်းဖက်တပ်မတော်အဖြစ် ပြောထားပါတယ်။
မြန်မာနိုင်ငံဟာ နိုင်ငံရေးမတည်ငြိမ်မှုကို နှစ်ပေါင်းများစွာကြာ ကြုံတွေ့လာခဲ့ရတာပါ။ အဲဒီလို နိုင်ငံရေး မတည်ငြိမ်မှုတွေဟာ တပ်မတော်နဲ့ စစ်အစိုးရအုပ်ချုပ်မှုကို ဆန့်ကျင်တဲ့နိုင်ငံရေး ပါတီတွေကြားက ပဋိပက္ခတွေ၊ အာဏာရအစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကြားက ပဋိပက္ခတွေနဲ့ ရောယှက် နေတာပါ။ တကယ်လို့များ လက်နက်ကိုင်တိုက်ခိုက်မှုတွေ ကျူးလွန်ဖို့၊ နိုင်ငံရေးအစွန်းရောက် လုပ်ဆောင်မှုတွေ ဆောင်ရွက်ဖို့ တွန်းအားပေး တိုက်တွန်းမှုတွေရှိလာပြီဆိုရင် မြန်မာနိုင်ငံဟာ မဆုံး နိုင်သော တိုက်ပွဲတွေနဲ့ ဒုက္ခပင်လယ်ဝေသွားပါလိမ့်မယ်။
မြန်မာနိုင်ငံအတွက် ပဓာနကျသော အရေးကြီးတဲ့အရာက ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး ဖြစ်တယ် ဆိုတာကို မြန်မာနိုင်ငံရဲ့ အိမ်နီးချင်းနိုင်ငံတွေက ယုံကြည်ထားပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံအတွင်းရှိ အဖွဲ့အစည်း အားလုံးကြားမှာ ငြိမ်းချမ်းရေးကို အားပေးမြှင့်တင်နိုင်စေဖို့ အတွက်လည်း စိတ်ဆန္ဒရှိပါ တယ်။ ဒါဟာ တရုတ်တစ်နိုင်ငံတည်းရဲ့ သဘောထားမဟုတ်ပါဘူး။ အာဆီယံသည်လည်း အလားတူ သဘော ထားရှိပါတယ်။ ဒါပေမဲ့ အမေရိကန်ပြည်ထောင်စုနဲ့ အနောက်နိုင်ငံတွေကတော့ တခြား တစ်ဖက်မှာနေပြီး မြန်မာ့တပ်မတော်ရဲ့ ဖြုတ်ချခြင်းကို ခံလိုက်ရတဲ့ NLD အစိုးရကို အာဏာပြန်လည် ရရှိစေဖို့အတွက် အားပေးထောက်ပံ့မှုတွေလုပ်နေပါတယ်။ သူတို့က ထိပ်တိုက်တွေ့ဆုံရေး နည်းလမ်း တွေကနေ တစ်ဆင့်သာ စစ်အစိုးရကို ဖြုတ်ချနိုင်စေမယ်ဆိုပြီး မျှော်လင့်ချက်တွေကိုလည်း ပေးထားပါ တယ်။
အနောက်နိုင်ငံတွေအနေနဲ့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက်အစိုးရနဲ့ PDF အကြမ်းဖက်အဖွဲ့ကို ဆော်ဩ စည်းရုံးခြင်း နည်းလမ်းတစ်ခုတည်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိအခြေအနေကို ပြည်တွင်းစစ်ဖြစ်စေဖို့ ပြောင်းလဲခြင်းငှာ မစွမ်းဆောင်နိုင်ပါဘူး။ မြန်မာ့တပ်မတော်ဆိုတာ မြန်မာနိုင်ငံအတွင်းမှာ (အင်အား တောင့်တင်းခိုင်မာတဲ့ အဖွဲ့အစည်းအဖြစ် ရပ်တည်လျက်ရှိပါတယ်။ မြန်မာ့တပ်မတော်ဟာ ဖေဖော်ဝါရီလ နိုင်ငံရေးပဋိပက္ခဖြစ်စဉ် ဖြစ်ပွားချိန်ကစလို့ NLD ထောက်ခံသူတွေရဲ့ အကြိမ်ကြိမ် ဆန္ဒပြမှုတွေ၊ PDF အကြမ်းဖက်အဖွဲ့တွေရဲ့ ဗုံးခွဲ တိုက်ခိုက်မှုတွေ၊ ပြည်ပနိုင်ငံတွေရဲ့ အရေးယူပိတ်ဆို့ မှုတွေကို ရင်ဆိုင်ခဲ့ရပြီးပါပြီ။ ဒါပေမဲ့လည်း သူတို့ဟာ အခြေအနေအရပ်ရပ်ကို အမြဲတမ်းထိန်းချုပ် ထားနိုင်ဆဲဖြစ်ပါတယ်။ ဒါဟာ တခြားသောတပ်ဖွဲ့တွေနဲ့နှိုင်းယှဉ်ရင် မြန်မာ့တပ်မတော်ဆိုတာ အထူး ဖြစ်တဲ့ နိုင်ငံရေးအင်အားစုတစ်ခုဖြစ်တယ်ဆိုတဲ့ ထူးခြားတဲ့ဝိသေသတွေကို ထင်ဟပ်စေပါတယ်။
မြန်မာနိုင်ငံမှာ စစ်သည်အင်အား ခြောက်သိန်းနဲ့ တောင့်တင်းခိုင်မာတဲ့ တပ်မတော်တစ်ရပ်ရှိပါတယ်။ NLD အာဏာရရှိခဲ့စဉ်ကတည်းက တပ်မတော်ဟာ မြန်မာနိုင်ငံရဲ့ လွှတ်တော်မှာ အမတ်နေရာ ၂၅ ရာခိုင်နှုန်းကို ရယူထားနိုင်ဆဲ ဖြစ်ခဲ့ပါတယ်။
ပြည်တွင်းစစ်ကို ဖြစ်ပေါ်လာစေပါလိမ့်မယ်
ဒါပေမဲ့ အမေရိကန်နဲ့ အနောက်နိုင်ငံတွေအနေနဲ့ အကြမ်းဖက် PDF အပါအဝင် စစ်အစိုးရကိုဆန့် ကျင်တဲ့အင်အားစုတွေကို စစ်ရေးအရ ပြောင်ပြောင် တင်းတင်း ထောက်ပံ့လာမယ်ဆိုရင်၊ သူတို့ကို စစ်လက်နက်ပစ္စည်းအမြောက်အမြားနဲ့ ထောက်ပံ့ဖို့ လုပ်ဆောင်လာမယ်ဆိုရင်တော့ အမှန်တကယ် ပြည်တွင်းစစ်ကို ဖြစ်ပေါ်လာစေပါလိမ့်မယ်။ ဒီလိုဆိုရင် မြန်မာနိုင်ငံရဲ့ အခြေအနေဟာလည်း စာမျက်နှာ အသစ်တစ်ခုကို ရောက်ရှိသွားပါလိမ့်မယ်။
လက်ရှိအချိန်မှာ NLD ဆိုတာ တရားဝင်ပါတီ (အဖြစ်ဆက်လက်ရှိဆဲပါ။ သူတို့ရဲ့ ယခင်ရပ်တည်ချက်မှာ တပ်မတော်နဲ့ အစိုးရအဖွဲ့အစည်းတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုတွေကို လူသိရှင်ကြား ထောက်ခံမှု မပါဝင်ခဲ့ပါဘူး။ တကယ်လို့သာ NLD အနေနဲ့ တော်လှန်ရေးမှာ ဦးဆောင်ပါဝင်လာမယ်ဆိုရင် မြန်မာနိုင်ငံ ရဲ့ အခြေအနေကို နောက်ကြောင်း ပြန်လှည့်သွားစေပါလိမ့်မယ်။
တရုတ်နိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေရဲ့ ပြည်တွင်းရေးကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်မှု မပြုဘူးဆိုတဲ့ နိုင်ငံခြားရေးမူဝါဒကို လိုက်နာစောင့်ထိန်းပါတယ်။ တရုတ်နိုင်ငံအတွက်ဆိုရင်တော့ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးဟာ အလွန်တရာ အရေးကြီးလှပါတယ်။ အကယ်၍ မြန်မာနိုင်ငံမှာ ဝရုန်းသုန်းကား အခြေအနေတွေ ဖြစ်နေရင် ဒုက္ခသည်တွေဟာ တရုတ်နိုင်ငံထဲကို ရွှေ့ပြောင်းရောက်ရှိလာနိုင်ပါတယ်။ မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ တရုတ်စီးပွားရေးလုပ်ငန်းရှင်တွေရဲ့ ရင်းနှီးမြှုပ်နှံမှုသည်လည်း အလွန် ဆိုးရွားလှတဲ့ ခြိမ်းခြောက်မှုအောက်ကို ရောက်ရှိသွားပါလိမ့်မယ်။ မြန်မာ့တပ်မတော်အနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေနဲ့ ထိတွေ့တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့တဲ့ ဟိုယခင်အချိန်တုန်း ကဆိုရင် ဗုံးတွေဟာ တရုတ်နိုင်ငံထဲကို ရံဖန်ရံခါဆိုသလို ကျလာလေ့ရှိပါတယ်။
နိုင်ငံရေးမူဘောင်တစ်ရပ်
တရုတ်နိုင်ငံရဲ့ သတင်းဌာနတစ်ခုအနေနဲ့ ပြောရမယ်ဆိုရင် မြန်မာနိုင်ငံအတွင်း အခြေအနေ တွေကို ပိုမိုဆိုးရွားလာစေမယ့် အမေရိကန်နဲ့ အနောက်နိုင်ငံများရဲ့ ဘယ်လို မူဝါဒမျိုးကိုမဆို မိမိတို့က ဆန့်ကျင်ကန့်ကွက်ပါတယ်။ မိမိတို့အနေနဲ့ ရှုမြင်ရတာကတော့ သူတို့ရဲ့ နိုင်ငံရေးဆိုင်ရာ ကြေညာချက် တွေဟာ သူတို့အတွက် ဘယ်လိုမှ အရာမရောက်ပေမယ့် မြန်မာနိုင်ငံကိုတော့ ထိခိုက် နစ်နာစေပါ လိမ့်မယ်။ အနောက်နိုင်ငံတွေရဲ့ အုပ်ချုပ်မှုပုံစံက မြန်မာနိုင်ငံနဲ့ အံဝင်ခွင်ကျမှုမရှိ ဘူးဆိုတာ ကိုလည်း အခုဖြစ်စဉ်တွေက သက်သေပြပြီးပါပြီ။ မြန်မာနိုင်ငံအနေနဲ့ အရှိတရားကို ရင်ဆိုင်ဖို့နဲ့ အမျိုးသားနဲ့ နိုင်ငံရေးဆိုင်ရာ ရင်ကြားစေ့ရေးကို ဖြစ်ပေါ်လာစေဖို့အတွက် သက်ဆိုင်သူအသီးသီးက လက်ခံတဲ့ နိုင်ငံရေးမူဘောင်တစ်ရပ်ကို ဖော်ထုတ်ဖို့ လိုအပ်နေပါပြီ။
ပြည်တွင်းစစ်ဖြစ်ပွားစေရေးကို အားပေးတဲ့ တော်လှန်ရေးဆင်နွှဲဖို့ မြန်မာနိုင်ငံရဲ့ အကြမ်းဖက် အစိုးရက တောင်းဆိုလိုက်တဲ့အတွက် အလွန်အရေးပါတဲ့လမ်းဆုံကိုရောက်နေချိန်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ သဘောထားကအလွန်ကိုပဲအရေး ကြီးပါတယ်။ ဒီအတွက်ကြောင့် အနောက်နိုင်ငံတွေအနေနဲ့ မြန်မာ ပြည်သူတွေအတွက် လက်ဆုပ် လက်ကိုင်ပြနိုင်တဲ့ အကျိုးကျေးဇူးတွေအပေါ်ကိုသာ အာရုံစိုက်ပြီး မြန်မာနိုင်ငံရဲ့ အခြေအနေကို ဒီထက် ပိုမဆိုးလာစေရန်အတွက် ကာကွယ်ဖို့ တာဝန်ယူနိုင်စေရေး အတွက် တိုက်ပွဲများဖြစ်လာ စေရေးကို အားပေးထောက်ပံ့မှုမလုပ်နိုင်စေဖို့ မိမိတို့အနေနဲ့ မျှော်လင့်ပါ တယ်။
(၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ ၇ ရက် တရုတ် နိုင်ငံတွင် ထုတ်ဝေဖြန့်ချိသည့် Global Times သတင်းစာပါ အယ်ဒီတာ့အာဘော်ကို သင့်လျော်သလို ဘာသာပြန်ဆိုရေးသားဖော်ပြခြင်းသာ ဖြစ်ပြီး စာဖတ်ပရိသတ် အတွက် ဗဟုသုတအဖြစ် ဖော်ပြခြင်းသာဖြစ်ပါသည်။)
ထက်မြတ်
Subscribe to Myanmar Newspaper
https://t.me/myanmarnewspaper
Subscribe to The Global New Light of Myanmar
https://t.me/gnlmon
Subscribe to MOI
https://t.me/iprdrnd
No comments:
Post a Comment