နွားထိုးကြီး စက်တင်ဘာ ၂
မန္တလေးတိုင်းဒေသကြီး၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကာကွယ် ထိန်းချုပ်ရေး လုပ်ငန်းများတွင် စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
ထိုသို့ ပေးအပ်ပွဲအခမ်းအနားတွင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးအောင်နိုင်ဦးက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများတွင် စိတ်အားထက်သန်စွာ
စွမ်းစွမ်းတမံ ပါဝင်ကူညီဆောင်ရွက်နေသည့် လူမှုရေးအသင်းအဖွဲ့များအား အထူးပင်ကျေးဇူးတင်ရှိကြောင်း
ပြောကြားပြီး လူမှုရေးအသင်းအဖွဲ့များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်တာဝန်ရှိသူများက
ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ရာ မြို့နယ်မီးသတ်ဦးစီးဌာန၊ မဇ္ဇိုမလူမှုကူညီရေးအဖွဲ့၊
ရွှေညာမြေလူမှုကူညီရေးအဖွဲ့၊ We Love Natogyi လူမှုကူညီရေးအဖွဲ့နှင့် မေတ္တာမွန်လူ
မှုကူညီရေးအဖွဲ့တို့မှ တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းလွှာများ အသီးသီးရယူခဲ့သည်။
အဆိုပါအခမ်းအနားကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့
ဥက္ကဋ္ဌ ဦးအောင်နိုင်ဦး၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီအဖွဲ့များမှ
တာဝန်ရှိသူများနှင့် လူမှုရေးအသင်း အဖွဲ့များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)

No comments:
Post a Comment