နေပြည်တော် စက်တင်ဘာ ၂
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်အသုံးပြုနိုင်ရန်အတွက် အလှူငွေပေးအပ်လှူဒါန်းခြင်းကို ယနေ့ နံနက်(၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဧည့်ခန်းမ၌ ကျင်းပရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင် ၊ ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထိန်၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဒုတိယမြို့ တော်ဝန် ဦးမောင်မောင်၊ နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
လှူဒါန်းပွဲတွင် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်
နေပြည်တော်ဖွံ့ဖြိုးရေး ဘဏ်ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမင်းထိန်၊ နေပြည်တော်လမ်းဦးစီးဌာန ညွန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း
တို့က ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင် အသုံးပြုနိုင်ရန်အတွက်
လှူဒါန်းရ ခြင်းနှင့်ပတ်သက်၍ အသီးသီးရှင်းလင်း ပြောကြားကြသည်။
ထို့နောက် နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်
နေပြည်တော်ဖွံ့ဖြိုးရေးဘဏ် ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင် နှင့်တာဝန်ရှိသူများက
နေပြည်တော်စည်ပင် သာယာ ရေးကော်မတီနှင့်နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၅၀၀)ကို လည်းကောင်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန
ဒုတိယဝန်ကြီး ဦးမင်းထိန်နှင့် တာဝန်ရှိသူများက ဆောက်လုပ်ရေးဝန်ကြီးဌာန ဝန်ထမ်းမိသားစုများမှ
လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၂၀၀)ကို လည်းကောင်း၊ နေပြည်တော်လမ်းဦးစီးဌာန ညွန်ကြားရေးမှူး
ဒေါ်နွယ်နီထွန်း နှင့်တာဝန်ရှိသူ များက နေပြည်တော်လမ်းဦးစီးဌာန ဝန်ထမ်းမိသားစုများမှ
လှူဒါန်းသည့် အလှူငွေ ကျပ်သိန်း (၃၀)ကိုလည်းကောင်း အသီးသီးပေးအပ်လှူဒါန်းကြရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာ မောင်မောင်နိုင် ကလက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာကို ပြန်လည်ပေးအပ်ကာ ကျေးဇူးတင်
စကားပြန်လည်ပြောကြားခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ
ဒေါက်တာမောင်မောင်နိုင် နှင့် နေပြည်တော် စည်ပင်သာယာရေးကော်မတီနှင့် နေပြည်တော် ဖွံ့ဖြိုးရေးဘဏ်
ဥက္ကဋ္ဌ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် တာဝန်ရှိသူများက နေပြည်တော်စည်ပင်သာယာရေးကော်မတီနှင့်
နေပြည် တော်ဖွံ့ဖြိုးရေးဘဏ်မှ ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင်
အသုံးပြုနိုင်ရန်အတွက် လှူဒါန်းသည့် အလှူငွေကျပ်သိန်း(၅၀၀)အား
Coronavirus Disease 2019 (COVID-19)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဗဟိုကော်မတီသို့ သွားရောက်လှူဒါန်းရာ
Coronavirus Disease 2019 (COVID-19)ကာကွယ်၊ထိန်းချုပ်၊ကုသရေးဗဟိုကော်မတီ အတွင်း ရေးမှူး
ကျန်းမာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်း ကလက်ခံ ရယူပြီး ဂုဏ်ပြု
မှတ်တမ်းလွှာကိုပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။
ထွန်းထွန်းဝင်း(ခရိုင်ပြန်/ဆက်)

No comments:
Post a Comment