သဲကုန်း စက်တင်ဘာ ၂
ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း နှင့် တာဝန်ရှိသူများသည် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သဲကုန်းမြို့နယ် ပွဲပြည့်ခြံအတွင်းတည် ဆောက်ထားသည့် စပါးမျိုးစေ့သန့်စင် စက်ရုံနှင့် စပါးမျိုးစေ့ထုတ်စိုက်ကွင်းတို့အား ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်သူများအတွက် သဘာဝမြေသြဇာများ ထောက်ပံလှူဒါန်းခဲ့သည်။
ထို့နောက် ဝန်ကြီးချုပ်နှင့်အဖွဲ့သည်
သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံသို့ရောက်ရှိပြီး ကိုဗစ်-၁၉ ရောဂါပိုးကူးစက်ခံရသော ကျန်းမာရေးဝန်ထမ်း
(၁၆)ဦးအတွက် တစ်ဦးလျှင် တစ်သိန်းနှုန်းဖြင့် လည်းကောင်း၊ Volunteer(၆)ဦးအတွက် တစ်ဦးလျှင်
တစ်သိန်းနှုန်းနှင့် PPE ဝတ်စုံများကို လည်းကောင်း၊သဲကုန်းမြို့နယ်ပြည်သူ့ဆေးရုံအတွက်
၄၀ လီတာ အောက်ဆီဂျင်အိုးအလုံး(၄၀) ၊Flow Meter အလုံး(၄၀)နှင့် OXYGEN
CONCENTRATOR(၃)လုံးအား လည်းကောင်း ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းမှ
ထောက်ပံ့ပေးအပ်လှူဒါန်းခဲ့ရာ တာဝန်ရှိ အသီးသီးမှ လက်ခံရယူခဲ့ကြောင်း သိရှိရသည်။
နိုင်လင်း(မြို့နယ်ပြန်/ဆက်)

No comments:
Post a Comment