Thursday, September 2, 2021

သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာ၌ ရေသန့်စင်စက်တပ်ဆင်နေမှု ကွင်းဆင်းစစ်ဆေး



ရန်ကုန် စက်တင်ဘာ ၂


ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် သူဌေးကွင်းကျေးရွာတွင် သန့်ရှင်းသော သောက်သုံးရေ ရရှိရေးအတွက် ရေသန့်စင်စက် တပ်ဆင်နေမှုအား ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာန ခရိုင်ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယနေ့ နံနက် ၉ နာရီက ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သိရသည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် ရန်ကုန်တောင်ပိုင်းခရိုင် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်အေးအေးကြူသည် သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်ခင်နှင်းချိုနှင့် တာဝန်ခံအင်ဂျင်နီယာ၊ QCအဖွဲ့၊ Hyper Myanmar ကုမ္ပဏီမှ တာဝန်ရှိသူများ၊ သူဌေးကွင်းကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ရေပေးရေး ကော်မတီများနှင့်အတူ သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်ဒေသ သန်ရှင်းသောသောက်သုံးရေ ရရှိရေးအတွက် ၂၀၂၀- ၂၀၂၁ ခု ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုရန်ပုံငွေဖြင့် Hyper Myanmar ကုမ္ပဏီမှ ဆောင်ရွက်နေသည့် သူဌေးကွင်းကျေးရွာ ရေသန့်စင်စက် တပ်ဆင်နေမှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များအား လမ်းညွှန်မှားကြားခဲ့ကြောင်း သိရသည်။

သန်လျင်မြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ သူဌေးကွင်းကျေးရွာရှိ ရေသန့်စင်စက် တပ်ဆင်ပြီးစီးပါက အဆိုပါကျေးရွာရှိ အိမ်ခြေ ၆၄၇ အိမ်အားအကျိုးပြုကာ လူဦးရေ ၃၀၀၅ ဦးတို့အား သန့်ရှင်းသော သောက်သုံးရေများ ရရှိသုံးစွဲနိုင်တော့မည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)


No comments:

Post a Comment