မိုင်းဆတ် စက်တင်ဘာ ၁၁
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ယနေ့ နံနက်ပိုင်းတွင် ရှမ်းပြည်နယ် (အရှေ့ပိုင်း) မိုင်းဆတ်မြို့နယ်၊ သဗ္ဗညု ဘုန်းတော်ကြီးကျောင်းရှိ ရဟန်း၊ သာမဏေ၊ သီလရှင်များအတွက် ဆွမ်းဆန်တော် ၂၁ အိတ်၊ ဆီ ၆၆ ပိဿာခွဲ၊ ကုလားပဲ ၁၃၃ ပိဿာတို့ကို လှူဒါန်းရာ အမှတ် ၁၄ စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ်၊ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီးလင်းအောင်မိုး၊ မိုင်းဆတ်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ တာဝန်ရှိသူများ တက်ရောက် လှူဒါန်းကြသည်။
ထို့နောက် မိုင်းဆတ်မြို့နယ်အတွင်း ကိုဗစ်စင်တာများတွင် တက်ရောက်ဆေးကုသမှု ခံယူနေသော လူနာများအတွက် ဆေးဝါးနှင့် အင်အားဖြည့်အစားအစာများကို ထောက်ပံ့ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
(သတင်းစဉ်)
No comments:
Post a Comment