မအူပင် စက်တင်ဘာ ၁၁
ဧရာဝတီတိုင်းဒေသကြီး၊မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေးများအားဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားအား ယနေ့ နေ့လယ် ၁၂ နာရီအချိန်က ဓမ္မာရုံရွှေကျင် ကျောင်းတိုက်အတွင်း ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါအခမ်းအနားသို့ ဧရာဝတီတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် တာဝန်ရှိသူများ၊ မအူပင်ခရိုင် စီမံခန့်ခွဲရေးကောင်စီဥက္ကဋ္ဌ ဦးညီညီထွေး၊ အဖွဲ့ဝင်(၁)ဒုတိယဗိုလ်မှူးကြီးနိုင်လွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေး ကောင်စီအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ မြို့မိမြို့ဖများ၊ လုပ်ငန်းရှင်များနှင့် စေတနာရှင်အလှူရှင်များ တက်ရောက်လှူဒါန်းခဲ့ကြသည်။
မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် ဘုန်းတော်ကြီးကျောင်း(၃၈၇)ကျောင်း၊ သီလရှင်ကျောင်း (၄၇)ကျောင်း၊ ဆရာတော် သံဃာတော်များနှင့် သီလရှင်ဆရာကြီး ဆရာလေး စုစုပေါင်း (၂၇၁၅)ပါးရှိပြီး၊ စုစုပေါင်းတန်ဖိုးငွေ (၂၀၇)သိန်းရှိ ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲများနှင့်လှူဖွယ်ဝတ္ထုများအား တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆက်ကပ် လှူဒါန်းခဲ့ကြကြောင်းသိရသည်။
အောင်ခိုင် ၊ အောင်မြင့်မြတ်(မအူပင်)
No comments:
Post a Comment