Saturday, September 11, 2021

ကချင်ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြီးနားမြို့၌ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေး လုပ်ငန်း‌ဆောင်ရွက်ပြီး ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်း

 





မြစ်ကြီးနား     စက်တင်ဘာ ၁၁

 

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ဦးဆောင်၍ ပြည်နယ်ဝန်ကြီးများ၊ ခရိုင်၊ မြို့နယ် အဆင့်ဌာနဆိုင်ရာများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့ဝင်များက  ယနေ့နံနက် ၇ နာရီခွဲတွင် မြစ်ကြီးနားမြို့ သန့်ရှင်းသာယာလှပရေးအတွက် မြို့ပေါ်ရပ်ကွက် အသီးသီးတွင် စုပေါင်း သန့်ရှင်းရေး လုပ်ငန်းကို ဆောင်ရွက်ခဲ့ကြသည်။

 

 

သန့်ရှင်းရေး လုပ်ငန်းများ ဆောင်ရွက်ခြင်းကို ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရ အဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်ဥပဒေချုပ်၊ ဌာနဆိုင်ရာများ အဖွဲ့အစည်းများ၊ မီးသတ် တပ်ဖွဲ့ဝင် များ၊ ပရဟိတလူမှုကူညီရေး အသင်းအဖွဲ့များနှင့်အတူ စုပေါင်း၍ ဒူကထောင်ရပ်ကွက်၊ ဂေါက်ကွင်းရှေ့မှ ဆွမ်ပရာဘွမ်လမ်းမကြီး တစ်လျှောက်မှစတင်၍ သီတာရပ်ကွက်၊ အမှတ်(၅) အခြေခံပညာ အထက်တန်းကျောင်း လမ်းဘေးဝဲ/ယာတစ်လျှောက်တို့ ခြံနွယ်များ ခုတ်ထွင် ရှင်းလင်းခြင်း၊ အမှိုက်ကောက်ခြင်းတို့ကို စုပေါင်းဆောင်ရွက်ခဲ့ကြသည်။

 

ထို့နောက် နံနက် ၁၀ နာရီတွင် မြစ်ကြီးနားမြို့ မြို့တော်ခန်းမ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့ ၏ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ဆက်လက်ကျင်းပခဲ့ပြီး အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး ခေမာသီဝံကျောင်းတိုက်၊ နိုင်ငံတော် ဗဟိုသံဃာ့ဝန်ဆောင်၊ အဂ္ဂမဟာပဏ္ဍိတဆရာတော်ဘဒ္ဒန္တစန္ဒာဝရာဘိဝံသမဆရာတော်ဦးဆောင် သည့် ဆရာတော်သံဃာတော်များထံမှ ငါးပါးသီလခံယူ ဆောက်တည်ကြသည်။

 

ဆက်လက်၍ ဆရာတော်/ သံဃာတော်များထံမှ ပရိတ်တရားတော်များ နာယူကြပြီး       ပြည်နယ်ဝန်ကြီးချုပ်နှင့် ဇနီးဒေါ်နန်ဆိုင်း၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ် မြတ်သက်ဦးနှင့် တပ်မတော်အရာရှိကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများက ဝါဆိုသင်္ကန်းဆက်ကပ် လှူဒါန်းခဲ့ကြပြီး လှူဒါန်းမှု အစုစုအတွက် ရေစက်သွန်းချအမျှပေးဝေကာ အခမ်းအနားကို ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ် ရွတ်ဆို ရုပ်သိမ်းပြီး ဆရာတော်/သံဃာတော်များအား နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ကြသည်။

 

ပြည်နယ်(ပြန်/ဆက်)

No comments:

Post a Comment