နေပြည်တော် စက်တင်ဘာ ၈
ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာလုပ်ငန်းများ ညှိနှိုင်းပေါင်းစပ် ရေးကော်မတီ အစည်းအဝေး (၁/၂၀၂၁) ကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နယ်စပ်ရေးရာဝန်ကြီးဌာန စုပေါင်း အစည်းအဝေးခန်းမ၌ ကျင်းပသည်။
အစည်းအဝေးသို့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ လုပ်ငန်းများ ညှိနှိုင်းပေါင်းစပ်ရေးကော်မတီဥက္ကဋ္ဌ နယ်စပ်ရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး ထွန်းထွန်းနောင်၊ ဒုတိယဥက္ကဋ္ဌ(၁) အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးကိုကိုလှိုင်၊ ဒုတိယဥက္ကဋ္ဌ(၂) လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်သက်ခိုင်၊ ဒုတိယ ဥက္ကဋ္ဌ (၃) ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်ကျော်မင်း နှင့် လုပ်ငန်းကော်မတီ ၄ ရပ်ဖြစ်သည့် လူဝင်မှုကြီးကြပ်ရေးနှင့် နိုင်ငံသားစိစစ်ရေး လုပ်ငန်းကော်မတီ၊ ဒေသတွင်းလူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းကော်မတီ၊ ကုလသမဂ္ဂအဖွဲ့အစည်းများ၊ နိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းကော်မတီနှင့် လူသားချင်းစာနာမှု အကူအညီ အထောက်အပံ့ပေး ရေးနှင့် ပြန်လည်နေရာချ ထားရေးလုပ်ငန်းကော်မတီများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
အစည်းအဝေးတွင် မြန်မာ - တရုတ် - ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး/ ညွှန်ကြားရေးမှူးချုပ်အဆင့် သုံးပွင့်ဆိုင် အလွတ်သဘော ဆွေးနွေးပွဲဆိုင်ရာများ ကြိုတင်ညှိနှိုင်းခြင်းနှင့် သက်ဆိုင်ရာလုပ်ငန်း ကော်မတီဝင်များက ကဏ္ဍအလိုက် အကောင်အထည်ဖော်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ရှင်းလင်း တင်ပြခဲ့ကြပြီး ညှိနှိုင်းပေါင်းစပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် ဒုတိယဥက္ကဋ္ဌများက တင်ပြချက်များ နှင့်စပ်လျဉ်း ၍ ညှိနှိုင်းပေါင်းစပ်ပေးခဲ့ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment