နေပြည်တော် စက်တင်ဘာ ၈
အစားအစာဘေးကင်းလုံခြုံရေးနှင့် အာဟာရဓါတ်ပြည့်ဝသည့် အသားရိက္ခာဖူလုံစွာ စားသုံးနိုင်ရေး အတွက် မွေးမြူရေးကဏ္ဍဖွံ့ဖြိုးရေးလုပ်ငန်းများဖြစ်သည့် မျိုးထိန်းခြင်း မျိုးသန့်မျိုးပွားပေးခြင်းနှင့် နည်းပညာပြန့်ပွားရေးလုပ်ငန်းများ၊ တိရစ္ဆာန်ကူးစက်ရောဂါ ကြိုတင်ကာကွယ်တာဆီးရေးလုပ်ငန်း များအပြင် သန့်ရှင်းလတ်ဆတ်သော အသားများ ထုတ်လုပ်နိုင်ရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့်ဆည်မြောင်းဝန်ကြီးဌာန ပုဂ္ဂလိကလုပ်ငန်းရှင်များ ၊ ဆက်စပ်ဌာနများနှင့် ပူးပေါင်းဆောင်ရွက် လျက်ရှိသည်။
စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာ အောင်ကြီး သည် တာဝန်ရှိသူများနှင့်အတူ ယနေ့ နံနက်ပိုင်းတွင် နေပြည်တော် စည်ပင် သာယာရေးကော်မတီ တိရစ္ဆာန် ဆေးကုနှင့် သားသတ်ရုံများဌာန နွားပွဲဈေး၊ သုတေသနနှင့် အသားထုတ်လုပ်ရေး လုပ်ငန်း များကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ကော်မတီပိုင် အသားထုတ်နယ်မြေ (ရွှေနံ့သာ)နှင့် အဝေး ရောက် (ယာယီ) သားသတ်ရုံများက၏ နေ့စဉ်အသား ထုတ်လုပ်နေမှုများ ကိုလည်းကောင်း ၊ အသားထုတ်လုပ်ရေးဌာနခွဲ၏ လုပ်ငန်းတာဝန်များနှင့် အသားထုတ်လုပ်ရောင်း ချနေသူများ ဈေးခုံရရှိ သူများအား စည်းမျဉ်း စည်းကမ်းများ၊ သတ်မှတ်ချက်များနှင့်အညီ လိုက်နာ ဆောင်ရွက် ရေး၊ နိုင်ငံတော်အတွက် အခွန်အခများ အပြည်အဝကောက်ခံနိုင်ရေး စီစဉ်ဆောင်ရွက်နေမှုများကို ရှင်းလင်း တင်ပြကြသည်။
ရှင်းလင်းတင်ပြချက်များနှင့်စပ်လျဉ်း၍ ဒုတိယဝန်ကြီးကလိုအပ်သည်များပေါင်းစပ်ညှိနှိုင်းမှာ ကြားခဲ့ ကြောင်းသိရသည်။
(သတင်းစဉ်)
No comments:
Post a Comment